စာရေးသူ၏ အမှာစကား

788 71 13
                                    

စာရေးသူ၏အမှာစကား ဆိုလို့ စိတ်ညစ်သွားကြမယ်ဆိုတာ နားလည်ပါတယ်။
Fiction ဖတ်ချင်လို့ဆိုမှပဲ သူ့ကိုယ်သူ စာအုပ်ထုတ်နေတယ်ထင်နေလားလို့ ထင်နေမှာအသေအချာပါ။ ဒါပေမယ့် reader အပေါင်းတို့ နားထောင်ပေးကြပါနော်။
အဲ reader အပေါင်းလို့ရေးသာရေးရတယ် တစ်ယောက်၊နှစ်ယောက်ဖတ်ပေးတောင်
ကျေးဇူးတင်ရမယ့် auther ပေါက်စနပါ။မဖြစ်မနေဖတ်ပေးပြီး feed back
လေးရေးပေးစေချင်ပါတယ်။
မြန်မာနိုင်ငံမှာ LGBT ကိုအများစုက စက်ဆုပ်ရွံရှာကြတယ်။ အထူးသဖြင့်
လူကြီးပိုင်းတွေမှာပါ။ ကျွန်ပ်က ဗုဒ္ဓဘာသာဆိုတော့ မြတ်စွာဘုရားဟောကြားခဲ့တာနဲ့
ပတ်သက်ပြီးနည်းနည်းလောက်ပြောပြချင်ပါတယ်။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အထဲမှာယခင်ဘဝက သူများသားမယား ဖျတ်ဆီးခဲ့လို့ အခြောက်တို့ ယောကျာင်္းလျာ
တို့ဖြစ်တယ်လို့ ကြားဖူးပါတယ်။ အဲ့တာဟုတ်မှန်မယ်ဆိုရင်တောင် ဘုရားက လူတန်စား
ခွဲခြားဖို့ဟောခဲ့တာမဟုတ်ပါဘူး။ မလုပ်ရဲအောင်ဟောပြောခဲ့တာပါ။ ခွဲခြားဆက်ဆံတဲ့သူတွေကို မေးချင်တာ သင်တို့ အရင်ဘဝက ဘာဖြစ်ခဲ့သလဲ။
ဘယ်ဘုံ ဘယ်ဘဝရောက်ခဲ့ပါသလဲ။ သင်တို့ဘာလုပ်ခဲ့သလဲ သင်တို့သိပါသလား။
ကျွန်ပ်တောင် မသိပါဘူး။ သူတို့တွေလဲမသိပါဘူး။ ယခင်ဘဝက ကိစ္စအတွက်
ဒီဘဝမှာသူတို့ကိုမုန်းနေဖို့သင့်ပါသလား။ တချို့တွေဆို ဆုတောင်းမှားခဲ့လို့ ဖြစ်ခဲ့တာတွေပါ ဘဝအဆက်ဆက်မခွဲမခွာပေါင်းသင်းရပါလို၏ တို့ဘာတို့ပေါ့။
တချို့ဘာသာတွေမှာဆို ငရဲကျရမယ်လို့ ဆိုထားတာတွေရှိပါတယ်။
သူတို့ဘာသာ သူတို့ ငရဲရောက်ရောက်မရောက်ရောက် အသင်တို့နဲ့မဆိုင်ပါဘူး။
လူ့ဘဝတိုတိုလေးမှာ ဘာလို့သူများတွေကို အပြစ်တင်နေကြမှာလဲ။
သူတို့ဘက်ကိုနားလည်ပေးနိုင်ရင် ကျေနပ်ပါပြီ။ reader အပေါင်းလည်း
ထင်မြင်ချက်လေးတွေ ရေးပေးသွားကြပါဦး။ intro ကတော့ဟိုဘက်မှာပါ

မြေခခဲ့သော သွေးမျက်ရည်Où les histoires vivent. Découvrez maintenant