ခေါင်းစဉ်မဲ့ မျက်ရည်
........................ အပိုင်း - 1Written by _
Min De Par
-
Eni Mine"ဝတ်မှုံ..."
"ပြောလေ မောင်..."
"မောင် တို့နဲ့ ဘာလို့ မလိုက်တာလဲ..."
"သြော်...မောင်ရယ်..ဝတ်မှုံက ဒီနေ့လေးတစ်နေ့ အားကြတဲ့
မောင်တို့အတွက် ဟင်းငါးတွေ ဖွေဖွေရာရာလေး ချက်ကျွေးချင်လို့
ပါ...ပြီးတော့ အိမ်သန့်ရှင်းရေးတွေလည်း လုပ်ရဦးမယ်၊ လျှော်ရ
ဖွတ်ရလည်း လုပ်ရဦးမယ်မောင်ရဲ့...သွားကြပါ၊ ဝတ်မှုံ အိမ်မှာ
ချက်ပြုတ်ပြီး မောင် တို့ကို မျှော်နေမယ် ဟုတ်ပြီလား...နေမွန်း
လည်း သိပ်မတည်း စေနဲ့ပေါ့..."
"အင်းပါ...မောင် က ဝတ်မှုံကိုပါလိုက်စေချင်လို့...ဇနီးချောလေးနဲ့
လျှောက်မလည်ရတာ ကြာပြီမို့ပါ..."
"ကဲ သွားကြ သွားကြ...မောင်လေးကိုလည်း ထိမ်း၊ သားလေးကို
လည်း လက်မလွတ်စေနဲ့ ဟုတ်ပြီလား...ဒီနေ့လိုရက်မျိုးတွေက
တအားလူတွေရှုပ်ကုန်မှာသိတယ်..."
"အင်းပါ...စိတ်ချ ၊ ဟုတ်ပြီလား..."ဝတ်မှုံက ဦးဗညားတော်ရဲ့ အကျီင်္ကြယ်သီးစေ့
လေးတွေကို တပ်ပေးရင်း ကော်လံတွေကိုပါ အသေချာ ခေါက်ပေး
သည်။ ဒီနေ့ ရုံးပိတ်ရက်မို့ သားငယ်လေး ကို ကစားကွင်းလိုက်ပို့
မည့် ကိစ္စကြောင့် တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။ ထိုအထဲမှ
သူမကတော့ အိမ်မှုကိစ္စတွေ လုပ်စရာ တစ်ပုံကြီးမို့ ဦးဗညားတော်
တို့နဲ့ မလိုက်ရန် ငြင်းဆိုခြင်းပင်ဖြစ်၏။"မပြီးကြသေးဘူးလား..."
အိပ်ခန်းထဲမှ ဧည့်ခန်းသို့ ကမန်းကတန်း
ထွက်လာပြီး မေးလိုက်သည်က ဝတ်မှုံရဲ့ တစ်ဦးတည်းသော မောင်လေး ထက်ပိုင်မှုး ဖြစ်သည်။နှစ်ယောက်သား လှမ်းကြည့်လိုက်တော့
လှပကျော့ရှင်းပြီး သေသပ်သားနားစွာ ဖီးလိမ်းပြင်ဆင် ထားတဲ့
မောင်လေးကို ၀တ်မှုံ ခပ်စွေစွေပင် ကြည့်လိုက်သည်။" ပြီးပါပြီ... သားငယ်လေးကိုရော သနပ်ခါး လိမ်းပြီးပြီလား..."
"ပြီးပါပြီ... မကြီးရ ၊ မလိမ်းဘူး ဆိုပြီး ဂျီကျနေလို့ မနည်းလျှော့
လိမ်းခဲ့ရတာ..."
YOU ARE READING
ခေါင်းစဉ်မဲ့မျက်ရည် ( စာရေးသူ - အီနီမိုင်း + မင်းဒီပါ)
Fanfictionအချစ်ဆိုတဲ့ စကား အတိုင်း ကျွန်မသူ့ကို သိပ်ချစ်ခဲ့သည်။ ဒါပေမယ့် ဖောက်ပြန်တတ်တဲ့ယောကျာ်း တိုင်းကိုတော့ ကျွန်မသိပ်မုန်းသည်။ ကမ္ဘာကြီး ကျဉ်းကျဉ်းလေးမှာ ထင်ရာစိုင်းခဲ့တဲ့ သူ့ကို ကျွန်မ စကားလေးတစ်ခွန်း ပဲ အမှာပါးချင်တယ်။ ထိုသည်ကတော့.... "ကျွန်မ ကျဆင်းခဲ့ရတ...