But I Still Loving You
Episode -1
Hunhanဘေကျင်းမြို့  လူကုန်ထံ ရပ်ကွက်အတွင်းရှိ နန်းတော် တမျှ ခန်းနားသော အိမ်တလုံး ထဲတွင် အိမ်တော်ထိန်း မင် တတိယထပ်သို့ ဓါတ်လှေကားဖြင့် အရေးကြီးသုတ်ပြာနှင့် တက်သွားသည် ။
ကနုတ်များ ထွင်းထားသော အိပ်ခန်းတံခါးရှေ့တွင် ခဏ ရပ်လိုက်ပြီး လူခေါ်ဘဲအား နှိပ်လိုက်၏၊
အတန်ကြာသည်ထိ အထဲမှ တုံ့ ပြန်သံ မကြားရလေသော အခါ အခန်းတွင်းသို့ တံခါးအား တွန်းဖွင့်ဝင်လိုက်လေသည် ၊
သားမွှေးကောဇော၏ နူးညံ့သော အထိတွေ့ အား ခြေထောက်မှ မခံစားနိုင်သေးဘဲ ဘေးနားမှ ပါလာသော ကောင်မလေးအား အချက်ပြကာ အခန်းတွင်းရှိ မှန်တစ်ချပ်ခြားသော အ၀တ်လဲခန်းထဲသို့ ၀င်ကာ အ၀တ်စား တစ်စုံကို ထုတ်လိုက်ပြီး ကောင်မလေးအား သယ်လာစေသည် ။
ခေတ်မှီ အပြင်ဆင်ဖြင့် ပြည့်စုံသာလွန်နေသော မီနီ ဧည့်ခန့်းလေးအား ဖြတ်ကျော်ပြီး လိုက်ကာ အပါးလေးများနှင့် အလှဆင်ထားသော နံရံအား ကပ်ကာ လက်ဖြင့် ခေါက်လိုက်သည် ။
Knock ...Knock...
ဖြေးဖြေးမှန်မှန်လေး ခေါက်နေရာမှ တဖြည်းဖြည်း ကျယ်လောင် ကာ အကြိမ်ရေ စိတ်လာသော ခေါက်သံကြောင့် Luhan စိတ်မရှည်စွာ ကုတင်ပေါ်မှာ ခေါင်းအုံးအား နံရံဆီသို့ ပစ်ပေါက်လိုက်ကာ အိပ်ယာဘေးရှိ ခလုတ်ကို နှိပ်လိုက်သည် ။ နံရံမှာ အော်တိုစနစ်ဖြင့် အပေါ်သို့ မြင့်တတ်သွားကာ အပေါက်မှာ ရပ်နေသော အိမ်တော်ထိန်းကြီး မင် နှင့် အကူကောင်မလေးတို့ အား လက်ထဲတွင် အ၀တ်စားများ ကိုင်လျှက် ရပ်နေသည်ကို တွေ့ ရသည် ။
Min - သခင်လေး .. ပြင်ဆင်ဖို့ အတွက် မိနစ် ၃၀ အချိန်ရပါမယ် ။ အ၀တ်စားက အဆင်သင့် ထုတ်ထားပြီး ဖြစ်လို့ ၇နာရီ ခွဲတိတိမှာ VIP lounch ဧည့်ခန်းကို လာခဲ့ပါ ။
Lu -မနက်စောစောစီးစီး ရှုပ်လိုက်တာ ကျတော် ဘယ်ဧည့်သည်မှ မတွေ့ ချင်ဘူး ၊ မနေ့ညက ၂နာရီမှ အိပ်ရတာ.... ဟုပြောကာ သားမွေးခင်းထားသော မွေ့ ယာထက်တွင် ပြန်မှောက်အိပ်လိုက်သည် ။
YOU ARE READING
But I still loving you(Complete)
RomanceHun - မင်းပျော်ဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို ရင်နဲ့ရင်းပြီး ဖြည့်ဆည်းသွားမှာပါ ။ ကိုယ့်ရင်ကို ခွဲသွားမယ်ဆိုရင်လဲ But I still loving you Han -အရမ်းပြည့်စုံအောင် မချစ်ပြပါနဲ့လား တစ်နေ့ကြရင် ရုံးမထွက်နိုင်မှာ စိုးလို့ပါ-But wanna stay beside you