မိတ်ဆက် Intro

354 22 7
                                    


တစ်ခါက seoul မြို့ကြီးရဲ့အစွန်မှာရှိတဲ့ mabop ဆိုတဲ့မြို့လေးမှာရွာကြီးခုနှစ်

ရွာရှိသတဲ့ကွယ်
ရွာ၇ရွာလုံးကသူကြီးတွေဆီမှာသားသမီးတယောက်စီထွန်းကားကြတယ်တဲ့
တရွာနဲ့တရွာလည်းမတည့်ပဲအလွန်မုန်းကြတယ်
ထူးခြားတာကရွာ၇ရွာလုံးက သဘာဝလွန်စွမ်းအားရှင်တွေဖြစ်ကြတယ်
ရွာတွေရဲ့နာမည်ကိုသူကြီးတွေရဲ့မျိုးရိုးနာမည်ကိုပေးထားပြီးဘိုးဆင်ဘောင်ဆက်အုပ်ချုပ်လာကြတယ်

ပထမဆုံးရွာကတော့ song ရွာတဲ့
ရွာသူကြီးနာမည်က song ji hyuk တဲ့
သူ့မှာသမီးလေး၁ယောက်ရှိတယ်
Song ji hoပေါ့ကွယ်😇😇😇😇😇😇😇

ွရွာ၇ရွာမှာ songရွာတရွာပဲသမီးမိန်းခလေးရှိတာလေ

သူ့ကတော့ စိတ်နဲ့အလိုအလျောက်သိတဲ့ powerပိုင်ဆိုင်ထားလို့ အလွန်အကင်းပါးတယ်ပေါ့
တခါတခါအကင်းပါးလွန်းလို့အူတူတူလေးတောင်ဖြစ်သွားသေး
အကင်းပါးချင်လွန်းတော့လဲ ပါးလိုက်တာ ပေါက်ထွက်တော့မဲ့အတိုင်းပဲ

ဒုတိယမြောက်ရွာကတော့ Gang ရွာတဲ့
သူကြီးက Gang yong ha လေ
ပြောမနေပါနဲ့အဲ့သူကြီးက ဘူးယို ဘိုရူးလေ😳
သူ့မှာသားတယောက်ရှိတယ်
သူ့လက်ထက်ကဘူးမယိုလိုက်ရလို့သူ့သားကိုဟိုးငယ်ငယ်ထဲကဘိုဆန်အောင်ဆို
နာမည်ကိုတောင် gang gary လို့ပေးထားတယ်
သူ့ရဲ့ပါဝါကတော့ ကိုယ်ပွားပါ
ကိုယ်ပွား ၁၂ ယောက်ထိပွားလို့ရပါတယ်

နောက်ရွာကတော့ Ha ရွာတဲ့
သူကြီးက Ha do hyung တဲ့
သူ့သားကတော့ Ha dong hyung တဲ့
ရွာထဲကလူတွေကတော့သူ့ကို Haha လို့ပဲခေါ်ကြတယ်
Haha ရဲ့ power ကတော့  Time control လေ
သူ့ကိုဘယ်လိုသတ်သတ်မသေပါဘူး ဘာလိုဆိုတော့သူ့ကိုသတ်တော့မယ်ဆိုအချိန်နောက်ပြန်သွားလိုက်လို့ပါ
အရင်ဘဝက phonix ငှက်များဖြစ်ခဲ့သလား
သူကအရမ်းမျက်နှာပြောင်လွန်းတော့မြင်သူတိုင်းကရိုက်သတ်ချင်ကြတယ်လေ😅
မျက်နှာမြင်သတ်ချင်၏ဆိုသလိုပေါ့😅
ဩော်အဲ့လိုလူမျိုးကအဲ့လိုစွမ်းအားရထားတော့ခက်သား😊😊

နောက်ရွာက Yoo (Yu) ရွာတဲ့
သူကြီးကတော့ Yoo yong jae တဲ့
သူ့သားက Yoo jae suk တဲ့
သူက teleportation ပါဝါရထားတာလေ
သူ့လိုလူမျိုး teleport ပါဝါရထားတော့ဘယ်ပြောကောင်းမလဲ
ကလေးကလား လမ်းသလားတော့တာပေါ့
သူကနောက်ပါဝါတခုရှိသေးတယ်
အဲ့ဒါက လေ့ကျင့်လို့ရတာလဲမဟုတ် မွေးရာပါလည်းမဟုတ်
ရုပ်ပြောင်းရုပ်လွဲအတတ်တဲ့
ရုပ်ရည်ကြောင့်ရထားတာလေ
မျက်မှန်တပ်ထားရင်တရုပ် ချွတ်ထားရင်တရုပ်မို့လေ ဟိ ဟိ😄😄

နောက်ရွာကတော့ Ji ရွာပေါ့
သူကြီးက ji suk တဲ့
သူ့သားက Ji suk jin တဲ့
သူကအရမ်းအာဏာမက်တာ
သူကြီးကလည်း ၇၈ နှစ်ရှိပြီခုထိမသေနိုင်သေးဘူးလေ
အသက်ကြီးပြီဆိုတာတောင် ခုထိသူ့သားကိုအာဏာလွှဲမနိုင်သေး
သူ့သားကတော့ seven sense  ပိုင်ဆိုင်ထားတယ်
ရှေ့ကိုလည်းကြိုမြင်နိုင်တယ်
ဒါပေမဲ့သူ့အဖေကြီးဘယ်တော့သေမလဲတော့ကြိုမမြင်နိုင်ဘူးတဲ့
သနားစရာလေး ဟိ ဟိ

ကဲ ကဲ နောက်တရွာပြောမယ် အဲဒီရွာက သူကြီးသားလေးကအလွန်သနားဖို့ကောင်းလို့လေ
အဲ့ရွာက LEE ရွာတဲ့ သူကြီးက LEE GWANG HYUK တဲ့
သူ့သားက LEE GWANG SUU တဲ့
သူ့ခမျာအရပ်လေးရှည်ရဲ့သားနဲ့ရွာ ၇ ရွာရန်ဖြစ်တိုင်းသူပဲခံရလို့လေ
သူက DEATH NOTE ပိုင်ရှင်ရဲ့မျိုးဆက်လေ
သူ့ဘိုးဘေးတွေကတော့ ကောင်းကောင်းမွန်မွန် အသုံးချခဲ့ပေမဲ့
သူ့လက်ထက်ကျမှမျောက်လက်ထဲသေနတ်ထဲ့လိုက်သလို သောက်တလွဲတွေလုပ်ပါလေရော

အင်း နောက်ရွာကတော့ အင်အားအကြီးဆုံးရွာလို့ပြောလို့ရတဲ့ KIM ရွာကြီးတဲ့
သူကြီးကတော့ KIM JUN YONG တဲ့
သူ့သားက KIM JONG GUK ဆိုတဲ့လူသန်ကြီးပေါ့
ဟိုတလောကလူသန်ကြီး HUK လာတုန်းကသူတို့နှစ်ယောက် တပွဲတလမ်းနွှဲလိုက်သေးတယ်လေ
ဘယ်ပြောရမလဲ KIM JONG GUK ရွာဂုဏ်ဆောင်လိုက်တယ်လေ
ရှုံးတယ်တဲ
သူက တန်ပြန်စွမ်းအားရထားတာလေ

အင်းသူတို့၇ယောက်ရဲ့ဇာတ်ရှုပ်လေးကိုသိချင်ရင်ဆက်ပြီးဖတ်ပေါ့ရှင်

NEXT EPISOPE WILL COMMING SOON



Running Man StoryWhere stories live. Discover now