Ares' P.O.V
"တီး...တီး....တီး"နာရီနိုးစက်သံအကြာကြီး မြည်ပြီးတော့မှ အသံတိတ်သွားခဲ့တယ်.... နိုးစက်သံပိတ်သွားတဲ့အချိန်မှာ ကောင်လေးတစ်ယောက် မထချင်ထချင်နဲ့ အိပ်ယာကကုန်းရုံးထရင်း မျက်မှန်ကောက်တပ်ကာ နာရီကြည့်လိုက်တော့ မျက်လုံးပြူးသွားတယ်... မပြူးဘဲဘယ်နေမတုန်း အချိန်က၈နာရီကို ညွှန်းပြနေပြီကိုးဗျ........
"Shit....နောက်ကျတော့မှာဘဲ... ဘယ်လိုတွေတောင် အိပ်ပျော်သွားတာလဲ.. ရေအမြန်ချိုးမှဖြစ်မယ်" လို့ပြောရင်း ရေချိုးခန်းထဲမြန်ပြေးဝင်သွားခဲ့တယ်.... ရေချိုးပြီးတော့ အလှအပမကြိုက်တဲ့ ကျွန်တော်ကတော့ ဗီရိုမှာချိတ်ထားတဲ့ထဲက တွေ့တဲ့ ခဲရောင်ဗြောင်နဲ့အပေါ်ပိုင်းမှာ အမည်းအစင်း၃လိုင်းပါတဲ့ အင်္ကျီကို အနက်ရောင်ဂျင်းနဲ့ဘဲ တွဲဝတ်လိုက်တယ်..... ပြီးတော့lotionအမြန်လိမ်းလိုက်ပြီးတော့ အခန်းသော့ခတ်ပြီး MRT stationကို ပြေးရတော့တာပေါ့..... ကံကောင်းတာကတစ်ခုက မားက ကျွန်တော့်အဆောင်ကို stationနဲ့သိပ်မဝေးသလို mallတွေနဲ့နီးတဲ့နေရာမှာ ငှားထားပေးတာဗျ....ဟုတ်ကဲ့ကျွန်တော့်နာမည်က Aresပါ... အသက်က၁၈နှစ်ပြည့်ပြီးပါပြီ..... အထက်တန်းကျောင်းပြီးထား ၃လဘဲရှိပါသေးတယ် ဒါပေမယ့်ကျွန်တော်အခုစင်္ကာပူမှာ ကျောင်းတက်ဖို့လွှတ်လိုက်လို့ ရောက်နေရတာဗျ.... ပါးပါးရဲ့တစ်ချက်လွှတ်အမိန့်နဲ့လေ.... ဒီနေ့ကကျောင်းမှာ ကျောင်းသားသစ်တွေအတွက် oriantation dayရှိတယ်..... အဲ့ကျောင်းကလည်းရှုပ်နေတာဘဲ ကျောင်းဖွင့်မှာက ၁၃ရက်နေ့မှ ကျွန်တော်တို့က ၈ရက်နေ့လောက်တည်းက ရောက်နေရတာ ကျောင်းကactivityတွေ လုပ်တော့ ကိုယ်ကအသစ်ဆိုတော့ မသွားချင်လည်း သွားတာပေါ့ဗျာ...... မေ့တော့မလို့ ကျွန်တော်အခုတက်မယ့်uniက James Cook University Singaporeပါ Australiaကျောင်းခွဲတစ်ခုပေါ့ဗျာ.......
ကျောင်းက Sim Driveမှာဆိုတော့ Kallang stationမှာမှာဆင်းလိုက်တယ်.....ဇာတ်လမ်းကအဲ့မှာ စတာ.... Aresတစ်ယောက်လမ်းပျောက်နေတယ်...
"shit ...ဘယ်လိုသွားရမလဲ... နေဦးgoogle mapဖွင့်ဦးမှဘဲ...."
နောက်ဆုံးတော့ google mapအကူအညီနဲ့ Aresတစ်ယောက် ကျောင်းကိုချောမောမောနဲ့ ရောက်လာခဲ့ပြီ.... ကျောင်းဝင်ပေါက်က securityဂိတ်မှာ security၂ယောက်က ဝင်လာတဲ့ ကျောင်းသားတွေအားလုံးကို နှုတ်ဆက်နေကြတယ် အဝင်လမ်းရဲ့ဘယ်ဘက်မှာက carparkingနဲ့ ညာဘက်မှာတော့ စာသင်ဆောင် Block C ဆိုပြီးရှိတယ်ဗျ..... carparkingရဲ့အရှေ့ဘက်မှာတော့ Block A... သူ့ဘေးမှာက Block Bဆိုပြီးရှိတယ်ဗျ....
YOU ARE READING
Two Be Or Knot two Be
Romanceမတူညီတဲ့နိုင်ငံ၂ခုက ကောင်လေး၂ယောက် universityတစ်ခုမှာ တွေ့ဆုံပြီး သူငယ်ချင်းတွေ ဖြစ်လာကြတဲ့နောက် သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေရှိလာတော့ ဘယ်လိုရှေ့ဆက်ကြ မလဲ.......... boy to boyချစ်မိသွားမယ်လို့ ဘယ်တုန်းကမှလည်း မမျှော်လင့်ထားခဲ့ကြတော့ ဘယ်လိုဆုံးဖြ...