But I Still Loving You
Episode – 4
Hunhan
ဒါကျွန်တော့ အိမ်ကို ပြန်တဲ့ လမ်းမဟုတ်ပါဘူး ....ဟု လူဟန်ရေရွတ်လိုက်သည်
နံဘေးမှာ ဖိုင်များ လှန်ရင်းအလုပ်ရှုပ်နေသော ဆဲဟွန်းက လူဟန့် ကို မကြည့်အားပဲ
အင်းလေ ...ကိုယ့်အိမ်သွားနေတာ
Lunah - အထုတ်ပိုးတွေ ဘာမှ မသိမ်းရသေးဘူးလေ
Sehun - နေ့ခင်းကတည်းက အာဂျူးမာ အကူညီနဲ့ ကိုယ့်လူတွေ ကို လွှတ်ပြီး သယ်ခိုင်းလိုက်တယ်
လူဟန် ဘာမှ ပြောမနေချင်တော့ပေ ။ မျက်လုံးထဲမှာတော့ Kris ပါး ရဲ့ Black Card ကြီးက တ၀ဲဝဲ ပျံလို့ နေသည် ။
ဆဲဟွန်း အိမ်ကြီးကလဲနောက်ဆုံးပေါ် ပရိဘောဂများနှင့် အလွန်ပင် ခမ်းနားလှသည် ။ တအိမ်လုံးအား အဖြူ နဲ့ အမည်းကို အဓိက ထားပြီး အလှ ဆင်ထားလေသည် ။ ခြံထဲ မှနေ အိမ်ထဲ ၀င်ရာ စင်ဝင်အောက်တွင် ရေနှုတ်မြောင်းလေး တစ်ခု အား အပေါ်မှ မှန် တံတားလေးဖြင့် ကျော်ဖြတ်လာရပြီး မှန်တံတား အောက်မှနေပြီး ကြည်လင် စိမ်းမြ နေသော ရေနှုတ်မြောင်းလေးထဲမှာ ရွှေငါးလေးများက လွတ်လပ်စွာ ကူးသန်း သွားလာနေသည် ။အိမ်ကြီး အထဲတွင် ရှိသော ဧည့်ခန်း တွင် သက်ရှိသစ်ပင်လေးများအား မျက်စိ ပသာဒ ဖြစ်အောင် စိုက်ပျိုးထားပြီး ပတ်ပတ်လည်တွင် မှန်နံရံများသာ ရှိသောကြောင့် သဘ၀ အလင်းရောင်က တောက်လျှောက်ဝင်လာကာ Mini garden လေး တစ်ခု အဖြစ် ဖန်တီးထားသည် ။ လူဟန် အိမ်အတွင်းကို လှည့်ပတ်ကြည့်ကာ မိမိ ဘေဂျင်း အိမ်အား သတိရသွားသည် ။ မိမိအိမ်မှာ တော်ဝန်ဆန်သော အပြင်ဆင်နှင့် ပိုပြီး ခမ်းနား ကျယ်ဝန်းတာ ဖြစ်ပြီး ဆဲဟွန်းက တော့ သဘာဝ အပြင်ဆင်ကို ဦးစားပေးလေသည် ။
Sehun - မင်းရဲ့ ဘေဂျင်းက အိမ်ထက် ကျဉ်းတယ် စဉ်းစားနေတာ မို့ လား ။ ဒီမှာ ကိုယ်တစ်ယောက်ထဲ နေတာ အဲ့လောက်ကျယ်ဖို့ မလိုဘူးလေ ။
လူဟန်တစ်ယောက် ဇာတ်ကလေးပုသွား ကာ အကြားမြင်ဆရာ ဆဲဟွန်းအား မျက်နှာမဲ့ ပြလိုက်ရင်း တစ်ယောက်ထဲ နဲ့ ဒီလောက်အကျယ်ကြီး ဘယ်လိုများ နေသလဲ လို့ တွေ့ လိုက်မိပြန်သည် ။
VOCÊ ESTÁ LENDO
But I still loving you(Complete)
RomanceHun - မင်းပျော်ဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို ရင်နဲ့ရင်းပြီး ဖြည့်ဆည်းသွားမှာပါ ။ ကိုယ့်ရင်ကို ခွဲသွားမယ်ဆိုရင်လဲ But I still loving you Han -အရမ်းပြည့်စုံအောင် မချစ်ပြပါနဲ့လား တစ်နေ့ကြရင် ရုံးမထွက်နိုင်မှာ စိုးလို့ပါ-But wanna stay beside you