Fanfiction From Inside Me
HunHan Fiction Book."Oh Sehun ssi အဆင်သင်ဖြစ်ပြီလား ။ "
"သေချာတာပေါ့ ။
အခုကနေ နောက်ထပ်ငါးမိနစ် အတိအကျရောက်ရင် Kim PD စလို့ရပြီ ။ Ok?"Tae Jun Hyung ကအားတတ်သရော
လက်မနှင့်လက်ညိုး ကိုဝိုင်းပြလိုက်ရင်း
ခပ်မြန်မြန်ဦးဆောင်ပြီး studio ထဲသို့ဝင်သွားသည် ။
သူတစ်ချက်ပြုံးလိုက်ရင် နားနေခန်းထဲက မှန်ရှေ့တွင်ရပ်ရင်း လိုအပ်နေသည့် နာရီကို သူ့လက်ကောက်ဝတ်တွင်ပတ်လိုက်သည်။ပြီးပြီးချင်း ပခုံးကို ဟန်ပါပါတွန့်လိုက်ရင်း
သူအခန်းထဲကထွက်လိုက်ပြီး
Studio ထဲသို့ဟန်ပါပါ လျှောက်လှမ်းရင်းဝင်လိုက်ပါတော့သည်။"မင်္ဂလာညချမ်းလေးပါ လူကြီးမင်းအပေါင်းသို့ "
ကျွန်တော်တို့ရဲ့ သောကြာနေ့ညတိုင်း
ထုတ်လွှင့်နေကျဖြစ်တဲ့
The Confession Radio ဆိုတဲ့
အစီစဉ်လေး ထုတ်လွှင့်မှုစတင်ပါပြီ။
လူကြီးမင်းတို့လည်း တစ်စုံတစ်ယောက်ရဲ့
ခံစားချက်ကိုနားထောင် ပေးဖို့ တစ်စုံတစ်ယောက်အား
မိမိခံစားချ က် ကိုဖွင့်ဟဝန်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား ။
ကျွန်တော်က တော့ အသင့် ဖြ စ်လို့နေ ပြီ ။
ကဲကျွန်တော်တို့ ခံစားချက် တွေ ဖွင့်ဟဖို့ ရာ
ကြားခံနယ်လေး ဖုန်းခေါ်ဆိုမှုလေးကို
စောင့်မျှော် ကြရအောင် ။ ပျော်ရွှင်စရFriday ညချမ်းလေးဖြစ်ပါစေ ။ "တိုက်ရိုက် ထုတ်လွှင့် နေဆဲဖြစ်သော
သူ့လေသံတစ်ချို့ ကို အတတ်နိုင် ဆူံး
ကြည်လင်အောင် ဂရုစိုက်လိုက်ရင်း တိုက်ရိုက်
ဆက်သွယ်မှု တစ်ချို့အား
သူမျှော်လင့်နေလိုက်သည် ။ မကြာ ပါ ။
စက္ကန့် ဝက် ခန့်အချိန်တွင်
တီတီဆိုသော အသံလေးသည် အသက်ဝင်လာသည် ။"မင်္ဂလာ ည ချမ်းလေးပါခင်ဗျ ။
The Confession Radio
အစီစဉ်မှ ဖြေကြားနေပါတယ် ။ "သူအာရုံစူးစိုက်ကာ တစ်ဖက်မှအသံကိုနားစွင့်နေလိုက်သည်။