27112017

2.2K 216 13
                                    

အဲ့ဒီနေ့က မိုးရွာနေခဲ့တယ်….။

***********************************

“ကျွတ်…တကယ်ပဲ…စိတ်တိုစရာကောင်းလိုက်တာ…”

အထူးတလည်ကြီးမဟုတ်သော်လည်း အနည်းငယ်သစ်လွင်သောအ၀တ်အစားကို ၀တ်ထားမိသည့်နေ့မှာ အချိန်အခါမဟုတ်ရွာချလိုက်သောမိုးကြောင့် ကျွန်တော့်စိတ်တွေအနည်းငယ်ညစ်ထွေးသွားမိသည်…။
မကြာခင်မှာ 11ထိုးတော့မည်..။ မထိုးခင်မှာထိုကော်ဖီဆိုင်ထဲမှထွက်ခွာရန် ကျွန်တော့်ပစ္စည်းတွေကောက်သိမ်းနေတုန်းမှာ အလိုက်ကမ်းဆိုးမသိသော မိုးကရွာချလိုက်တာဖြစ်သည်….။

“ဟွန့်…”

မဲ့ရွဲ့ရှုံ့မဲ့မိပြီး နေရာမှာဆောင့်အောင့်ထိုင်ချမိသည်…။

“ဒီမှာ ခဏထိုင်လို့ရမလား………”

“ဟမ်…”

ရိုင်းသွားလျှင်လည်းမတတ်နိုင်....။ မိုးခိုချင်သူများဆိုင်ထဲသို့ဝင်ရောက်လာသော်လည်း ဆိုင်အတွင်းမှာ ထိုင်စရာနေရာမရှိသည့်အထိ လူတွေပြည့်ကျပ်နေတာမျိုးတော့မဟုတ်ပါ…။မျက်မှောင်တွန့်ကာကြည့်မိသော်လည်း ထိုလူက ပြုံးပြနေသည်..။

“ဟုတ်…”

ကြောင်တောင်တောင်နိုင်သောအသံဖြင့် ခေါင်းညိတ်ပြလိုက်ရပေမယ့် ကျွန်တော်သိပ်တော့မကျေနပ်ပါ….။ယောကျာ်းလေးဖြစ်နေသဖြင့် စွပ်စွပ်စွဲစွဲတွေလဲ ပြော၍မရပါ…။
ကျွန်တော့်ကို သဘောထားသေးသိမ်သူအဖြစ်သူမြင်သွားမှာကိုလဲ မလိုချင်....။

“အဟင်း…”

အနေအထားကို အနည်းငယ်နေရခတ်နေမိတာ ဘာကြောင့်ရယ်မသိ..။ ပုံမှန်ဆိုကျွန်တော်ကဖော်ရွေတတ်သောသူမျိုးဖြစ်သော်လည်း ယခုကျွန်တော့်ရှေ့မှာရှိနေသော သူ့ကိုတော့ ရှိန်နေမိသည်..။ မမြင်နိုင်သောအတားအဆီးတစ်ခု ကျွန်တော်တို့ကြားမှာရှိနေသလိုမျိုး ကျွန်တော့်စိတ်တွေပေါ့ပေါ့ပါးပါးရှိမနေခဲ့….။

“….”

သူ့ဘေးလာရပ်သောစားပွဲထိုးလေးကို လက်နှစ်ချောင်းထောင်ပြသည်ကိုမော့ငေးနေရင်း သူဘာတွေမှာလိုက်သလဲ ကျွန်တော်မသိလိုက်ပါ….။ မြင်ဖူးသမျှယောကျာ်းတို့၏လက်ချောင်းတွေမှာ ထိုမျှထိလှပတင့်တယ်သောလက်ချောင်းတွေကို ကျွန်တော်မမြင်ဖူးခဲ့ပါ…။ သွယ်လျနေသောလက်ချောင်းရှည်ရှည်တွေနှင့် အကြောစိမ်းတို့ယှက်သမ်းနေသောလက်ဖမိုးဖြူဖြူသည် ငေးကြည့်ချင်စဖွယ်ညှို့ငင်ထားခဲ့သည်…။

🎉 You've finished reading ရင်ခုန်သံ ပိုင်ရှင်-ရင်ခုန်သံ ပိုင်ရှင် 🎉
ရင်ခုန်သံ ပိုင်ရှင်-ရင်ခုန်သံ ပိုင်ရှင် Where stories live. Discover now