""မောင် စာရေးမယ်နော် စာပြန်ရမှာနော် ""
မျက်ရည်ဝဲလျက် ပြောနေသော မောင့်ကို ကြည့်ရင်း ဘယ်လိုမှ စိတ်မကောင်း သို့သော်လည်း တွေ့ဆုံကြုံကွဲမဟုတ်လား
""ကဲပါ မောင်ရယ် မငိုနဲ့ နောက်နှစ်ဆိုရင်ပဲ ၇တန်းကျောင်းသားကြီးဖြစ်တော့မယ် ဟောဒီမှာ ကိုကိုရော သျှင်းရော ရှိသားပဲ မောင်သိလား မောင့်စာတွေအကုန် ပြန်မှာ မပူနဲ့နော် ဒီမှာလဲ ပျော်အောင်နေ""
ကားပေါ်တက်ခါနီး မောင်နဲ့ နှုတ်ဆက်စကားပြောရခြင်းသည် ထင်သလောက်တော့ မလွယ်ခဲ့။ သူပြောသမျှ ခေါင်းငြိမ့်ကတိပေးရတာမှာလဲ မလွယ်။ ကားပေါ်တက်တော့လဲ ငိုချလိုက်သော သူ့အား ပြေးရောက်ပွေ့ချီပြီးချော့မြူချင်ပေမယ့် ကိုကို့ရင်ခွင်ထဲ ခေါင်းတိုးဝင်သွားသောကြောင့် သက်ပြင်းအသာချကာ ကားတံခါးပိတ်လိုက်တော့ မမနှင်းဆီက ပခုံးကို လက်ဖြင့် ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးသည်။
ရန်ကုန် ပြည် အမြန်လမ်းသည် ထင်သလောက်လဲ မကြာပါ ပြတင်းပေါက်ကို ဖွင့်ကာ အပြေးအလွှားတိုက်ခိုက်သော လေတွေကို ခံယူရင်း ရူပ်ထွေးနေသော စိတ်တွေကို ဖြေချင်ပေမယ့် ဖေဖေက တံခါးပေးမဖွင့် ကားလေးဖြင့်လာသောကြောင့် ဖြေးဖြေးမှန်မှန်သွားနေသည် ။ ဖေဖေသည် ကားမောင်းသူ၏ ညာဘက်တွင် တည်ရှိပြီး ကားမောင်းသူနေရာတွင် ကိုဇော်ကြီး ရှိနေသည်။
""သားငယ် ကိုရော ခိုင့်ကိုရော ဖေဖေ ပြောချင်တယ် ခုဖေဖေတို့နေတဲ့ အိမ်ရဲ့ ဟိုဘက်ဘေးအိမ်က နည်းနည်းတော့ ပေါင်းရသင်းရခက်တယ် ပြီးတော့ သူတို့အိမ်က ထူးဆန်းတယ်လို့ပြောတယ် သားတို့ကအိမ်နီးနားချင်းတွေဆိုတော့ တစ်ခုခု ညဘက်အသံကြားတာတို့ ဘာတို့ဆို ထွက်မကြည့်ကြနဲ့ကြားလား ကိုယ့်ဟာကို နေကျနော် တော်ကြာ ဖေဖေတို့မတတ်နိုင်တဲ့အရာတွေ ဖြစ်ရင် ကိစ္စအကြီးကြီးတွေ ဖြစ်လာနိုင်တယ်""
နဂိုထဲက သူပြောချင်တဲ့စကားကို ရောက်အောင် မပြောတတ်တဲ့ ဖေဖေက ခုလို သွယ်ဝိုက်ပြောနေတော့ ကျွန်တော် နားမလည်
စိတ်လဲမဝင်စားတာကြောင့် အမှောင်ထဲကို ငေးကြည့်ရင်း နေလိုက်သည်။ မမနှင်းဆီကတော့ အိပ်ချင်သည် ထင်သည် ခဏခဏ သမ်းဝါးနေလေရဲ့

STAI LEGGENDO
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
Narrativa generaleဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...