Ch.15

16.9K 1.8K 20
                                    

ဒီနေ့တော့ Charles နောက် တကောက်ကောက် လိုက်ဖို့ မလိုအပ်တော့လို့ ဘာအပူအပင်မှမရှိဘဲ စိတ်အေးလက်အေး အိပ်ခွင့်ရတော့တယ် ။ မနက်ရှစ်နာရီလောက်မှာ Charles ဟာ အိပ်ရာကနေထသွားတာတော့ ခပ်ရေးတေးတေး မှတ်မိတယ် ။ ထွက်မသွားခင် စကားတစ်ခွန်း နှစ်ခွန်း ပြောသွားခဲ့ပေမယ့် ၊ ဘာတွေပြောခဲ့မှန်း သေသေချာချာ မကြားလိုက်ရဘူး ။ အခန်းထဲက Charles ထွက်သွားတာနဲ့ တစ်ဖက်ကိုလှည့်လိုက်ပြီး ၊ ပြန်အိပ်မောကျသွားခဲ့တယ် ။

နောက်ထပ် အချိန်နှစ်နာရီလောက် ဆက်အိပ်ပြီးတဲ့နောက်တော့ Tang Feng နေ့သစ်တစ်နေ့ကို စတင်ဖို့ အားအင်ပြည့်ဝသွားလေတယ် ။ အိပ်ချင်မူးတူး ဖြစ်နေဆဲပဲမို့ အိပ်ရာထက်ကနေ ခက်ခက်ခဲခဲ ဆင်းခဲ့ရပြီး ရေချိုးခန်းရှိရာ လျှောက်လှမ်းသွားတယ် ။ ရေချိုးခန်းထဲကနေ နောက်နာရီဝက်အကြာ ပြန်ထွက်လာချိန်မှာတော့ လန်းဆန်းတက်ကြွမူတွေနဲ့အတူ လုံးဝ နိုးနိုးကြားကြား ဖြစ်သွားတယ် ။

ကုတင်ပေါ် ခဏထိုင်ကာ ဘောင်းဘီ ဝတ်နေရင်း ဘေးကစားပွဲထက်မှာ Charles ချန်ရစ်ခဲ့တဲ့ မှတ်စုစာရွက်တိုလေးကို တွေ့လိုက်ရတယ် ။

ကိုယ့်ရဲ့အချစ်ရဆုံး Tang လေး.....
မင်းနိုးလာတဲ့ အချိန်လောက်ဆိုရင် အောက်ထပ်က ဧည့်ခန်းထဲမှာ မန်နေဂျာ အသစ်က မင်းကို စောင့်နေလောက်ပြီ ။ မင်းအတွက် ငွေ သန်းလေးဆယ် ထည့်ထားတဲ့ credit card တစ်ခု ချန်ထားခဲ့တယ် ။ အထွေအထူး သုံးစရာ မရှိရင်လည်း အဲ့ဒါနဲ့ shopping ထွက်လိုက်ပေါ့ ။ အားလုံးကုန်အောင်လည်း လျှောက်သုံးပစ်မနေနဲ့ဦး ။

မင်းရဲ့ ပြီးပြည့်စုံလွန်းသော ချစ်ရသူ.... Charles...

" တကယ်ကြီး.... !!! "

Charles ဟာ တကယ်ပဲ သူ့ရဲ့ Sugar Daddy လုပ်ဖို့ ကြံရွယ်နေတာလား ?

ပုံမှန် ခပ်ရိုးရိုး ထသွားထလာ ဝတ်စုံ ဆင်မြန်းပြီးတဲ့နောက် ၊ credit card ကို ဘောင်းဘီအိပ်ထဲထည့်ကာ အောက်ထပ်ကို ဆင်းလာခဲ့တယ် ။ လက်ရှိအခြေအနေမှာ သူ့ဘဝက အလုပ်အကိုင်မရှိ ၊ ငွေကြေးက နတ္တိ ဖြစ်နေပေမယ့်လည်း ငွေရေးကြေးရေး ကိစ္စတွေကို Charles အပေါ်မှာ ရေရှည် မှီခိုမနေချင်ဘူး ။ သုံးစွဲခဲ့သမျှ ငွေကြေးတွေကို စာရင်းဇယားနဲ့ သေချာလုပ်ပြီး Charles ကို ဆက်ဆက် ပြန်ဆပ်ရမယ် ။

True Star (Myanmar Translation )Onde histórias criam vida. Descubra agora