""နေကောင်းလားရှင်း မောင် စာရေးဖို့ အတွေးရှိပေမယ့် ကျူရှင်တွေက မအားနိုင်ဘူးဖြစ်နေတယ်။ ရှင်း ကျူရှင်တွေ တက်နေရပြီ ကြားတယ် အဆင်ပြေတယ်မဟုတ်လား ဒီမှာတော့ ဘာမှ ထွေထွေထူးထူး မပြောင်းလဲသွားဘူး ရှင်းတို့ အသစ်နေရတဲ့အိမ်ကရော အဆင်ပြေရဲ့လား
သူငယ်ချင်းတွေနေရပြီလား မောင်ကတော့ ကိုကိုရယ် အကိုသျှင်းရယ်နဲ့ပဲ ပေါင်းဖြစ်တယ် စာတွေက အရမ်းခက်တာပဲ နော် ရှင်းဘယ်လိုကျက်လာလဲ မသိဘူး တစ်ခါတစ်ခါ မောင်စာအုပ်တွေ ဆွဲဖြဲပစ်ချင်မိတာပဲ မောင့်မေမေက ဆရာဝန်ဖြစ်စေချင်တယ်တဲ့ ရှင်းကရော မောင့်ကို ဆရာဝန်ပဲဖြစ်စေချင်လား စာပြန်ရင် ထည့်ရေးပေးလိုက်ပါနော် အန်တီနွယ်က မောင့်ကို အမြင်မကြည်ဘူးထင်တယ် သိပ်စကားမပြောတော့ဘူး ဟိုတစ်လောက မောင် ဆံပင်တွေ ညှပ်လိုက်တယ် ရှင်းမြင်ရင် ရယ်မယ်နဲ့တူတယ် မောင့်စာတွေဖတ်ရင်း အချိန်မကုန်စေချင်ပါဘူး ရှင်းအားမှ စာပြန်လိုက်ပါနော် ကိုကိုကလဲ ရှင်းကို သတိရနေပါတယ် စာကြိုးစားနော်ရှင်းရဲ့ မောင် ""
စာရွက်အဝါရောင်လေးတွေထက် လက်ရေးဝိုင်းဝိုင်းလေးတွေက အစီအရီ နေရာယူထားသည်။ တယ်လဲ အဝါကြိုက်တဲ့ ကလေး စာအိတ်ကအစ အဝါ မှင်တောင် အဝါရှိရင် သုံးမလားမသိတော့ပါဘူးလေ ။ သူထည့်ပေးလိုက်သော နှင်းဆီပန်းအခြောက်ကလေးကို ကြည့်ရင်း လပြည့်ညကို သတိရမိသည်။ ကိုယ်ပန်းဦးတွေမင်းကိုသိပ်ပေးချင်တာပေါ့မောင်ရယ်
""ဘာတွေရေးထားသလဲ ရှင်း မနက်က စာပို့သမား လာပို့ပေးသွားတာ ကြည့်ရတာ စာတိုက်ပုံးက အဆင်မပြေတာလား မသိဘူး""
""မသိဘူးလေ မမနှင်းဆီ ကျွန်တော်လဲ ဘယ်သူ့ဆီမှ စာမပို့ဖူးဘူး ""
""ရှင်းကမှ တော်ပါသေးတယ် ကိုကိုဆို စာမပြောနဲ့ LINE ကနေတောင် စာမပြန်ဘူး""
""ကိုကို မအားလို့ထင်တယ် ပြိုင်ပွဲတွေရှိလို့များလား""
""မပြောတတ်ဘူး တော်ရေ လာထမင်းစားကြရအောင် ခဏနေ ဆွေးနဲ့စာအတူကျက်ကြမယ် မဟုတ်လား?""
ESTÁS LEYENDO
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
Ficción Generalဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...