Ch. 20

15.6K 1.7K 10
                                    

Tang Feng လိုက်ချင်လား ၊ မလိုက်ချင်လားလို့ တစ်ခွန်းမမေးပဲ Charles ဟာ သူ့လက်ကို ကိုင်ဆွဲပြီး Lu Tian Chen နဲ့ Su Qi Cheng တို့ရှိရာဆီ ဆွဲခေါ်သွားတယ်လေ ။ ဖြစ်နိုင်တာတစ်ခုက အဲ့ဒီ Gentleman ပုံဖမ်းထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ ဒါရိုက်တာ Li Wei နဲ့ ဇနီးတို့ Lu Tian Chen တို့နဲ့ စကားလက်ဆုံကျနေတာကို မြင်သွားလို့လည်း ဖြစ်နိုင်တယ် ။ ဒါပေမယ့် သူတို့တွေ ပွဲပြီးတဲ့အထိ စကားတွေပြောနေကြမှာမှ မဟုတ်တာ ။ ဘာမှ ကြိုတင်မပြင်ဆင်ထားပဲ အလောသုံးဆယ် ဝင်သွားခြင်းဟာ ဘာအကျိုးရလဒ်မှ ဖြစ်မလာနိုင်စေဘူး ။

Tang Feng ဟာ Charles ဆီ အကြည့်စူးစူး တစ်ချက် ပစ်သွင်းလိုက်တယ် ။ ဒီလူကတော့လေ.... အခုပွဲကိုတက်ဖို့ သူ့ကို ခေါ်လာတာ ဒါရိုက်တာ Li နဲ့ ဆုံတွေ့ပေးဖို့ အခွင့်အရေးပေးချင်တာ တစ်ခုတည်း မဖြစ်နိုင်ဘူး ။ ပွဲကြီးပွဲကောင်း ကြည့်ချင်လို့ ခေါ်လာတာက ပိုများနေလိမ့်မယ် ။ ဘယ်လောက် စိတ်ပုတ်လိုက်လဲ ။ သူ့လိုလူစားမျိုးတွေဟာ တကယ်ကို အကျင့်မကောင်းဘူး ။

" Hello.. ကျွန်တော့်ကြောင့် အနှောက်အယှက် ဖြစ်မသွားပါဘူးနော် ။ "

Charles ကို ကြည့်လိုက်ရင် အမြဲတမ်း confidence ရှိနေတာပဲ ။ တောင်းပန်စကားနဲ့ အတူ Tang Feng ကို စကားဝိုင်းထဲ ဆွဲခေါ်လာတယ် ။ တိတ်တိတ်လေးပဲနေဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး Tang Feng ဟာ အားလုံးကို အပြုံးလေးနဲ့ ဂါဝရ ပြုလိုက်တယ် ။

" မိတ်ဆက်ပေးပါရစေ ။ ဒါကတော့ ကျွန်တော့ရဲ့ မိတ်ဆွေ Tang Feng ပါ ။ "

Charles ဟာ တကယ်ပါပဲ ။ Tang Feng ငြိမ်ငြိမ်လေးရပ်နေတာကို ကြည့်မနေနိုင်ဘူးထင်တယ် ။ Tang Feng ကို ဒါရိုက်တာ Li တို့ ဇနီးမောင်နှံ နဲ့ မိတ်ဆက်ပေးဖို့ အရမ်းပဲ စိတ်အားထက်သန်နေတယ် ။

ခုလို အခြေအနေမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်လာရရင် သူနဲ့ သက်တူရွယ်တူ တခြားသရုပ်ဆောင်တွေ ဘယ်လိုများ ဖြစ်သွားကြမလဲ ? အရမ်းနာမည်ကြီးတဲ့ ဒါရိုက်တာကြီးကို တွေ့လိုက်ရလို့ စိတ်တွေအရမ်းလူပ်ရှားပြီး ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွားနိုင်တယ် ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အရမ်းနိမ့်ချပြီး တစ်ဖက်သားကို အရမ်းအထင်တွေကြီး လေးစားပြနေတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ် ။

True Star (Myanmar Translation )Donde viven las historias. Descúbrelo ahora