luhan နဲ့သူ့ချစ်ချစ် catboy sehun လေးတို့မုန့်ဆိုင်သွားပြီးမုန့်ဝယ်ကြတယ်
luhan ကသူ့ catboy အသစ်လေးသူ့စကားနားထောင်တော့ပျော်နေတာပေါ့
ပြောရရင် ပီတိတွေဖြာအီအီးတွေပါနေလေရဲ့
သူ့ catboy လား??
လည်ပတ်မပတ်ချင်တာပတ်ရလို့ကောက်ချိတ်နေရောဘဲ
နှုတ်ခမ်းကဘဲနှုတ်သီးကိုဖြစ်လို့
တစ်ချက်တစ်ချက်အရှေ့ကသွားနေတဲ့သူ့ပိုင်ရှင်(သခင်မဟုတ်သေးဘူးနော်)luhan ကိုထိုးမိတော့မယ်
luhan ကသူငယ်ချင်းဖြစ်သူအတွက်ရောcatboyလေးတွေအတွက်ပါမုန့်ဝယ်နေတယ်
sehun ကိုကြည့်လိုက်တော့ luhan တောင်လန့်သွားတယ်
မျက်ခုံးနှစ်ခုကလည်းအလိုမကျလို့တွန့်ထားတာထိတော့မယ်
နှုတ်ခမ်းကလည်းတစ်တောင်လောက်ဆူနေသေးတယ်လေ
ပြောပါတယ်ဘဲနှုတ်သီးဖြစ်နေပါတယ်ဆို
luhan မုန့်တွေထည့်ပြီးတဲ့အထိ sehun စောင့်တယ်
ပြီးတာနဲ့သူ့လည်ပတ်ကြိုးကိုဆောင့်ဆွဲပြီးခေါ်သွားတာ luhan ခဗျာသူ့ခြေထောက်တိုတိုလေးတွေနဲ့မပြေးရုံတစ်မယ် sehun ဆွဲရာအရုပ်တန်းဘက်ကိုကားယားကားယားနဲ့ပါသွားလေရဲ့
ဟိုကိုယ်တော်လေးကလည်းအခုမှနည်းနည်းမျက်နှာကြည်လာတယ်
sehun လည်းအရုပ်ရွေးပြီးရော luhan လည်း counter မှာငွေရှင်းပြီးနှစ်ယောက်သားအိမ်ပြန်လာကြတာပေါ့
sehun ဟာလေ သိပ်ကိုလိမ္မာရေးခြားရှိလာတာပါ
luhan ကမုန့်တွေပြင်ပြီးသူတစ်ယောက်တည်းမနိုင်လို့ sehun ကိုအကူအညီတောင်းမိပါတယ် ဒင်းပြောလိုက်တာ luhan တံတွေးနင်သွားရော
ဘာတဲ့'ကူညီခြင်း is not my style' တဲ့လေ
နေပါဦး အဲ့စကားကြားဖူးသလိုဘဲ
အာ သိပြီ ဟိုဝက်နဂါးကောင် အလုံးဘဲ
နေပါဦး နာမည်မေ့နေတယ် ဘာတဲ့