Ch.34 Dream Lover (Part 2)

17.1K 1.6K 39
                                    

" အခုလို အကြာကြီး စောင့်ခိုင်းနေမိလို့ တောင်းပန်ပါတယ်ရှင် ။ "

ရုံးခန်းထဲကို အလောတကြီး ဝင်ရောက်လာတဲ့ အရပ်ခပ်ပုပု ကောင်မလေးဟာ အခုလို တောင်းပန်စကား ဆိုလေတယ် ။ အဲ့ဒီကောင်မလေးဟာ ဆံပင်ကို ponytail စတိုင် ခပ်မြင့်မြင့် စည်းထားပြီး ၊ အနက်ရောင်ဘောင် ခပ်ကြီးကြီးနဲ့ မျက်မှန်ကို ဝတ်ဆင်ထားလေတယ် ။ အိပ်ရေးတွေပျက်ထားခဲ့ရတယ် ထင်ပါတယ် ။ မျက်ကွင်းတွေ ညိုမည်းနေပြီး ၊ လက်ထဲမှာလည်း  များပြားလှတဲ့ စာရွက်စာတမ်း ဖိုင်တွေကို မနိုင်မနင်း ကိုင်ထားရလေတယ် ။

" Hello...ကျွန်မက Wang Nan ပါ ။ " Dream Lover " ရဲ့ ပရိုဂျူဆာပါ ။ ခုလို တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်ရှင် ။ "

လက်ထဲက စာရွက်ဖိုင်တွေကို စားပွဲခုံပေါ် တင်ထားလိုက်ပြီး ၊ ပြုံးရွှင်တဲ့ အမူအယာနဲ့ နူတ်ဆက်ဖို့ရာ သူမရဲ့ လက်တစ်ဖက်ကို Tang Feng ဆီ ကမ်းလှမ်းလေတယ် ။

Tang Feng ဟာ လေးလေးစားစားပဲ ပြန်လည် လက်ဆွဲနူတ်ဆက်ပါတယ် ။ Show ရဲ့ ပရိုဂျူဆာဟာ ဒီလောက် အသက်ငယ်နေမယ်လို့ ထင်မထားခဲ့မိလို့ နည်းနည်းတော့ အံ့သြသွားခဲ့မိတယ် ။

" Hello....ကျွန်တော်က Tang Feng ပါ ။ "

Tang Feng ဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်လည် မိတ်ဆက်တယ် ။

" ကျွန်မတို့ဘက်က ရှင့်ရဲ့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အစီအစဉ်ရဲ့ အချက်အလက် တော်တော်များများကို ပြောဆိုဆွေးနွေး ပြီးပါပြီ ။ အေဂျင်စီ ဘက်ကလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့ လိုလိုလားလား ရှိနေပါတယ် ။ ဒါပေမယ့်လည်း show မှာ အဓိကပါဝင်ရမယ့်လူက ရှင်ဖြစ်နေတော့ ၊ တချို့ အချက်အလက်လေးတွေကို ရှင်နဲ့ ညှိနိူင်းပြီး သဘောတူညီချက် ရဖို့ ကျန်နေသေးပါသေးတယ် ။ "

ဒီစကားတွေကို ပြောပြီးတော့ ကောင်မလေးဟာ မျက်မှန်ကို တစ်ချက် ပင့်တင်လိုက်တယ် ။ အခုလို စည်းစနစ်ကျပြီး professional ဆန်တဲ့ ပြောဆိုပုံမျိုးဟာ ၊ ပရိုဂျူဆာလုပ်သူ ကောင်မလေးရဲ့ ပြင်ပသွင်ပြင် လက္ခဏာနဲ့ ဘယ်လိုမှ သဟဇာတဖြစ်မနေဘူး ။

" အစီအစဉ်ရဲ့ တတိယမြောက် season အတွက် အဓိကခေါင်းစဉ် အကြောင်းအရာက သာမန်လို မိန်းမ နဲ့ ယောကျာ်းကို အတွဲလုပ်ပေးကြမှာ မဟုတ်ဘူး ။ အမျိုးသားနှစ်ယောက်ကို အတွဲအနေနဲ့ လုပ်ဖို့ စီစဉ်ထားပါတယ် ။ ဒီ season မှာဆိုရင် သမရိုးကျနဲ့မတူ တမူထူးခြားတဲ့ နောက်ခံအသိုင်းအဝိုင်းရှိတဲ့ အမျိုးသားတစ်ယောက်ကို အမျိုးသား အနုပညာရှင်တွေနဲ့ တွေ့ဆုံပြီး date လုပ်ပေးမှာပါ ။ လိင်တူခြင်း အခုလို စုံတွဲအနေနဲ့ စီစဉ်ပေးတာဟာ ကြည့်ရူမယ့် ပရိသတ်တွေကြားမှာ ကြီးမားတဲ့ ဆွဲဆောင်မူတစ်ခုအနေနဲ့ ဖြစ်သွားစေနိုင်ပေမယ့် ၊ တစ်ဖက်က ပြန်ကြည့်လိုက်ရင် ရှင့်ရဲ့ ကိုယ်ပိုင်ဘဝပုံရိပ်ကိုလည်း ရိုက်ခတ်သွားစေနိုင်တယ် ။ အဲ့ဒီအတွက်ကြောင့်မို့ ရှင့်ဘက်က သေသေချာချာ အချိန်ယူ စဉ်းစားပြီး ပါဝင်ဖို့ မပါဝင်ဖို့ ကျွန်မတို့ဘက်ကို အကြောင်းပြန်ပေးစေချင်ပါတယ် ။ "

True Star (Myanmar Translation )حيث تعيش القصص. اكتشف الآن