''အန်တီလှ မုန့်ဟင်းခါး'''
''နန္ဒ ဒီအထုပ်လေးပါ လမ်းထိပ်အိမ်ကို ပို့ပေးခဲ့နော်''
''ဟုတ် အန်တီလှ''
လွယ်အိတ်ကောက်လွယ်လိုက်ပီး ပို့စရာအထုပ်လေးဆွဲကာ
စက်ဘီးလေး နင်းပြီး ဆိုင်မှ ထွက်ခဲ့လိုက်တယ်။သာယာလိုက်တဲ့ နံနက်ခင်းလေး
သန့်ရှင်းလက်ဆတ်သော လေလေးကိုတဝကြီး ရှုပစ်လိုက်တယ်။
အန်တီလှ ဆိုသည်မှာ ကျွန်တော့် အမေနဲ့မခြား
ငယ်ငယ်တည်းက ပြုစုစောင့်ရှောက်လာသူလေ။
လမ်းထိပ်ရောက်တော့
''ဦးစိုး ရေ မုန့်ဟင်းခါးထုပ် တံခါးမှာ ချိတ်ခဲ့ပြီနော်''''အေး လူလေးရေ ကျေးဇူးပဲ''
ကျွန်တော် အသက် ၁၈ ပြည့်ပီးပေမယ့်
အခုထိ ကလေးတစ်ယောက်လို ပါပဲ
ကျွန်တော့ ဘဝမှာ အန်တီလှ နဲ့ ကိုဖြိုး ဆိုတဲ့
သူငယ်ချင်းတစ်ယောက်သာ ရှိခဲ့တယ်။
ဒါပေမယ့် ကျွန်တော် ပျော်တယ် သူတို့နှစ်ယောက်သာ အနားမှာ ရှိနေရင်။ တကယ်ဘာမှကို မလိုတော့တာ။ကျောင်းဝင်းထဲ ခြေချလိုက်တော့
second year ဆိုတဲ့ စာသင်နှစ်အတွက်
အားအင်တွေရှိနေသလို ခံစားလာရတယ်။''ဟိတ်ကောင် သားရီး ''
''ဟာ ကိုဖြိုး''
''နန္ဒ မင်းကွာ ဘာတွေများ ဒီလောက်စဉ်းစားနေတာလဲ
ကျောင်းပေါက်တည်းက အော်ခေါ်နေတာ
သောက် ရေးကို မလုပ်ဘူး'''''ဆောရီး သယ်ရင်းရာ
ငါအတွေးလေး နဲနဲ လွန် နေလို့ပါ
ငါက မင်းကိုလွမ်းနေတာကွ''''အမလေး တော်စမ်းပါ တော်ကီတွေ
မင်းရဲ့ ကိုကိုဝေ လောက် ပဲ သိတဲ့ကောင်က''''ဖြိုး ရာ အဲ့လို မပြောစမ်းပါနဲ့
ကျောင်းသာပြီးသွားတယ် ငါမင်းကို ဘယ်လောက်လွမ်းနေရတယ် မှတ်လဲ''''အေးပါကွာ အဲ့တော်ကီ တွေမှာပဲ ကြွေတယ် သိလား
ဒါနဲ့ မင်းကို ပြောရအုံးမယ်
ဝေလု မန္တလေး ပြန်ရောက်နေပြီတဲ့''''ဖြိုး မင်းတကယ်ပြောနေတာလား''
''တကယ်ကွ သေချာတယ်
ဒီနေ့ မနက်ပဲ ဖေဖေ ပြောသံကြားခဲ့တာ
ဝေလု အဖေနဲ့ ငါ့အဖေက လုပ်ငန်းပါတနာတွေလေ''