ဝိုးး မိုက်တယ်ကွာ
baekhyunတစ်ယောက် XoXoကျောင်းဝန်းကြီးကိုကြည့်ရင်းပါးစပ်ကလည်းပိတ်ဖို့တောင်မေ့နေသလားပဲ။ကြီးလိုက်တဲ့ကျောင်းဝန်းကြီး ဒါတောင်ကျောင်းပြင်ကပင်ကြည့်မိနေတာ လူကအံ့သြလို့မဆုံးနိုင် ဘဝမှာတခါမှဒီလိုကျောင်းမျိုးမှာတက်ခွင့်ရမယ်baekတစ်ခါလေးမျှအိမ်မက်ပင်မမက်ဖူးခဲ့။
baek>> တော်တော်baek ဒီလောက်စိတ်လှုပ်ရှားမနေနဲ့
မိမိခေါင်းအားရမ်းကာ သတိဝင်လာရန်ထိန်းပီး ကျောင်းဝန်းထဲသို့လျှောက်လာခဲ့သည်
ထုံးစံအတိုင်းကျောင်းသားအသစ်ဆိုတော့ရုံးခန်းရှာပီလေ baekတယောက်ဟိုမေးရမလားဒီမေးရမလား လိုက်ကြည့်နေပေမဲ့ ဘယ်ကျောင်းသားကမှသူ့အားရှိသည်လို့မထင် ဘယ်ထင်မလဲ baekပုံစံက ဆံပင်ကစုတ်ဖွာပီကောက်ကောက်နဲ့ မျက်မှန်အဝိုင်းအထူကြီးကတပ်ထားသေး လွယ်အိတ်ကြိုးနှစ်ဖက်အားကိုင်ကာ ကလေးတစ်ယောက်သဖွယ်ခုန်ဆွခုန်ဆွ နားမှာလည်းbaekကသူအရမ်းကြိုက်တဲ့Exo song
Monstar သီချင်းလေးကိုနားကြပ်လေးတပ်ကာ တမြူးမြုးဖြင့် တချို့လူဒေကတော့baekအားလှည့်ကြည့်သွားပါသေးသည်။ရူးနေသလားပေါ့ ဘယ်ရမလဲ baek baekဒို့ကဒါမျိုးတွေဂရုမစိုက်ဘူးလေ
ဒါနဲ့ကျွန်တော့နာမည်က Baek Hyuneပါ
ဒီအထက်တန်းကျောင်းကိုပညာတော်သင်ဆုနဲ့ရွာကပြောင်းလာတာ။လွန်ခဲ့တဲ့တပတ်လောက်ကရွာကျောင်းကဆရာမကြီးကbaekအားရုံးခန်းမှာခေါ်ပီးပညာတော်သင်ဆုရကြောင်း XoXoအထက်တန်းကျောင်းမှာတက်ရမည်ဖြစ်ကြောင်းပြောတော့baekအံ့သြလို့မဆုံး။baekငြင်းပယ်မိသည်။ငြင်းမှာပေါ့ အဲ့ကျောင်းကနာမည်ကြီးပဲလေ ကြီးနိုင်ငယ်ညင်းလေ ဒါပေမဲ့baekကတော့လူသတ်ကျောင်းလို့ပဲထင်တယ် ဟုတ်တယ်လေ တစ်ဖက်သားရဲ့စိတ်ပိုင်းဆိုင်ရာကိုရိုက်ချိုးတတ်တဲ့လူဒေ Arrnyi ဘီလူးဒေနေတဲ့ကျောင်း။bakeငြင်းပေမဲ့လည်းဆရာမကြီးကတော့baekအားမျှော်လင့်ချက်သန်းတဲ့မျက်လုံးလေးဒေနဲ့ပြောတော့baekအားနာမိတယ်
မိဘအခြေအနေလည်းရှိတာမို့baekနောက်ဆုံးဒီကျောင်းရောက်လာခဲ့ခြင်းပေါ့
baekကိုယ့်အတွေးနဲ့ကိုယ်လမ်းလျှောက်လာတုန်း အနောက်ကကားဟွန်းသံကြားတော့ baekတွေးနေရာကလန့်ပီး လမ်းဘေးကိုကပ်ကာထိုကားအားရပ်ကြည့်နေမိသည်။ဝိုးးကားကအကောင်းစားကြီးဗျ။baekငေးနေတုန်းထိုလူရဲ့ငှက်ဆိုးထိုးသံကအတွေးများပျက်တောက်ခဲ့ပီး
Boy>> Ya! သေချင်လို့လား ဟမ် မင်းကငါသွားတဲ့လမ်းပိတ်ရအောင်ဘာကောင်မို့လဲ သေချင်ရင်မင်းဘာသာမင်းအခြားနေရာမှာသွားသေ တောက်
Baek>> ဘာာ မင်းး ဟူးး တောင်းပန်ပါတယ်

YOU ARE READING
အဖြူရောင်အတ္တ
Romanceမင်းကိုငါကလွဲပီးဘယ်သူမှမပိုင်ဘူး ငါကမင်းကိုချစ်လွန်းလို့ဒီရင်ထဲမှာအပိုင်သိမ်းထားမှာကွ မုန်းစမ်း မုန်းစမ်းပါ မင်းမုန်းလဲငါကချစ်နေမှာ ငါသာမင်းရဲ့အရှင်သခင် မင်းအသက်ရှူလိုက်တဲ့ဝင်လေထွက်လေကအစ အားလုံးကိုငါပိုင်တယ် #Chanyeol မုန်းတယ်ခင်ဗျားကြီးကိုသေလောက်တ...