Kongpob's POVကျွန်တော်တို့ရဲ့ First Kiss ပေးတဲ့နေ့လေး
ကနေ တစ်ပါတ်ကျော်ခဲ့ပြီ ။ ကျွန်တော်တွေး
ထားတဲ့ RS က အချိန်တွေကို P'Arthitနဲ့
အတူတူကုန်ဆုံးမယ် ။ ပျော်ရွှင်စရာ အခိုက်
တန့်လေးတွေကို ဖြတ်သန်းမယ် ။ ဒါပေမယ့်
လက်တွေ့ကျတော့ ကျွန်တော် မျှော်လင့်ခဲ့တာ
နဲ့ တခြားစီပဲ ။ ကျွန်တော်တို့ တွေ့ရတဲ့အ
ချိန်တောင် မရှိသလောက်ပဲ ။ တစ်ယောက်နဲ့
တစ်ယောက် တစ်နေ့တစ်နေ့ ဒီလို စာလေး
တွေပဲ ပို့ဖြစ်တယ် ။
" ဒီနေ့ ကျောင်းမှာ အခြေနေဘယ်လိုလဲ? "
"အဆင်ပြေလား? "
" စာမေးပွဲက ဘယ်နေ့လဲ? "
" စားပြီးပြီလား? "
" အခန်းပြန်ရောက်ပြီလား? "
ဘာကြောင့်မှန်းတော့မသိဘူး ။ ခုလိုအခြေနေ
ကို စဉ်းစားကြည့်ရင် ပုံမှန်ဆက်ဆံရေး
လောက်ပဲရှိသလိုပဲ ။ ကျွန်တော်သိပါတယ်
ကျွန်တော်နဲ့တွဲတာP'အတွက်မလွယ်ကူဘူး
ဆိုတာကိုပေါ့ ။ ဒါပေမယ့် P'က ကျွန်တော်တို့
နှစ်ယောက်အတွက် အချိန်ပေးလာနိုင်မှာပါ ။
Date လုပ်ဖို့ ဒါမှမဟုတ် ညစာအတူတူစားဖို့
ပေါ့ ။ Date ဆိုတဲ့ စကားသာပြောလိုက်ရင်
P'က ပိုရှောင်သွားမယ်ထင်တယ် ။
" Relationship ဆိုတာ ဘာလဲ? ကျွန်တော်
တို့ တွဲနေတာရော ဟုတ်ရဲ့လား? "
အခုလို ထိုင်တွေးနေရုံနဲ့ မပြီးဘူး သူ့ဆီ
ရောက်အောင်သွားရမယ် ။ ဒါပေမယ့် P'က
ကျွန်တော့်ကို ရှောင်နေသလိုပဲ ။ ကျွန်တော့်
ကို သဘောမကျလို့များလား? ကျွန်တော်ရဲ့
P'နဲ့အတူလက်တွဲသွားဖို့ဆိုတဲ့မျှော်လင့်ချက်
လေးတွေ ရေစုံမျောတော့မှာလား? မဟုတ်