တစ်ခါတစ်လေ မမျှော်လင့်ထားတာလေးတွေက ဖြစ်ဖြစ်သွားတတ်လေသည်.......။
စစ်သီဟကို တစ်ယောက် စင်ကာပူတွင် ဖခင်၏အလုပ်တွေကူပေးရင်း အခြေကျနေလေသည်.....။
တက္ကသိုလ်ကိုလည်း စင်ကာပူတွင်တက်ရန်သာဆုံးဖြတ်လိုက်သည်..။
် ငယ်စဉ်ကတည်းက စာတော်၍ စကောလားရှစ်ရကာ BBA တက်ခွင့်ရခဲ့သည် ရန်ကုန်မပြန်ဖြစ်သည်မှာကြာသော်လည်း
မိခင်ဖြစ်သူနဲ့ကားနေ့စဉ် အဆက်အသွယ်မပြတ် မိခင်ဖြစ်သူအား စင်ကာပူတွင်အခြေချဖို့ခေါ်ရန်လည်း ဖခင်နဲ့တိုင်ပင်ထားလေသည်...။
သို့သော် ညီညီ ဆိုသည့်ကောင်လေးကျန်ပေသေးသည် သွေးမတော်သားမစပ် မိခင်ဖြစ်သူ၏ ခေါ်ယူမွေးစားမှုကြောင့်
ချက်ချင်းဆိုသလို ညီတစ်ယောက်ကောက်ရလိုက်သလိုပင်ဖြစ်ခဲ့သည် အစတွင်အမြင်မကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် ညီညီအပေါ်သံယောဇဉ်ရှိလာခဲ့သည်။
ညီညီ့ကိုပါ စင်ကာပူမှာကျောင်းတက်ဖို့ခေါ်ရန် သူဆွေးနွေးကြည့်ရပေမည်...
ရန်ကုန် ပြည်လမ်းမကြီးပေါ်တွင် ကားများပြည့်ကျပ်လျက်ရှိသည် နေပူပူထဲတွင် လူအများ ၀မ်းစာအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ YBS များမှာလည်းတစ်စီးပြီးတစ်စီး ခရီးသည်များကို တင်ဆောင်၍ လိုရာခရီးပို့ပေးနေကြသည်။
လှည်းတန်းလမ်းမပေါ်ရှိ စားသောက်ဆိုင် အအေးဆိုင်များလည်း လူငယ်များနဲ့ ဆူညံနေသည် ညီညီတစ်ယောက်😎
studio မှ အပြန် နေအရမ်းပူသဖြင့် ၀င်နားဖို့
ဟိုကြည့်ဒီကြည့်နဲ့ ဗိုက္ကတဂြီဂြီ အော်နေသဖြင့် အနီးရှိAugust သို့ဝင်ထိုင်ရန်ပြင်တော့သည်....။
ကောင်တာရှိအမကြီးမှ ညီညီ့အား