#ငရုတ်ပွအစာသွပ်
#ခံတွင်းရှင်းပြီးထမင်းမြိန်စေမှာတော့အမှန်ဘဲ…
ပိတ်ရက်အတွက် နောက်ထပ်ဟင်းတစ်ခွက် ထပ်ပေးချင်လို့……………ပါဝင်သောပစ္စည်းများ
---------------------------
ကြက် သို့ ငါးဖယ် သို့ပုစွန်
ငရုတ်ပွ
ငရုတ်ကောင်း
ငံပြာရည်
ဆား
အသားမှုန့်
ဆီ
ဆနွင်း
အရောင်တင်မှုန့်
သကြားအနည်းငယ်ပြုလုပ်နည်း
-ငရုတ်ပွအကြီးဆိုလျှင် ရေဆေးပြီး ၂ ပိုင်းပိုင်းပါ။ အသေးဆိုလျှင် ငရုတ်ပွရဲ့ ထိပ်ပိုင်းကိုပဲ ဖြတ်ပါ။ ပြီးလျှင် အတွင်းက အစိနှင့် အူတိုင်ကို ဒါးအသေးနှင့် အသာလေး ခြစ်ထုတ်ပါ။
-ကြက်သား၊ငါးဖယ်၊ပုဇွန်၊
(နှစ်သက်ရာတစ်မျိုးဆိုလည်းရသလို ၃မျိုးလုံးထည့်လည်းရပါတယ်)-အသားမျာကိုနုတ်နုတ်စင်းပါ
- ငံပြာရည်၊ သကြား၊ ငရုတ်ကောင်းတို့ နဲ့အသားများကို သမအောင်နယ်ပါ။ နယ်ထားသော အသားထဲမှ ထမင်းစားဇွန်း ၂ ဇွန်းကို ချန်ရ်ျ ကျန်သော အသားများကို ငရုတ်ပွထဲ အစာသွပ်ပါ။
-ငရုတ်ပွကို အိုးတခုထဲထည့်ရ်ျ ရေကို ငရုတ်ပွတဝက်ထိ
ေ၇ာက်အောင်ထည့်ပြီး မီးအေးအေးဖြင့်တည်ထားပါ။ ငရုတ်ပွများကျက်ပြီး ရေခမ်းသည်အထိတည်ပါ။ ထို့ နောက် ပန်းကန်ပြားပေါ်သို့ ငရုတ်ပွများကို စီထည့်ထားပါ။-ဆီကို အပူပေးပြီး အေ၇ာင်တင်မှုန့် ထည့် ၊ ချန်ထားသော အသားများကို ထည့်လုံးပါ။ အသားများကျက်လျှင် ဆီနှင့် အသားများကို ငရုတ်ပွပေါ်ကို လောင်းချပါ။
-အလွန်စားကောင်းတဲ့ ငရုတ်ပွ အစာသွပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။