sese တို့များဝက်ပေါက်နဲ့မတွေ့ချင်ရှာဘူး 😑
ဟိုလူကြီးပြန်သွားတည်းကအထုပ်ပြင်တာဆိုတာလေသူ့များတသက်လုံးသွားနေခိုင်းတယ်မှတ်နေသလားဘဲ😐
ပြင်ထားတဲ့အထုပ်ကြီးကကြောက်စရာ😖
luggage အကြီးလေးအိတ်တောင်😩
အထဲမှာဘာပါလဲ ဟုတ်လား?😕
နှစ်အိတ်ကသူ့အဝတ်တွေ နောက်နှစ်အိတ်ကတော့ဟိုတာဝါတိုင်ရဲ့ပုံနဲ့ပစ္စည်းတွေ😒
သူ့ချစ်ချစ်ကြီးဝက်ကောင်ကဘာတွေသာနေတာလဲလို့စဉ်းစားမိတယ်🙄
စဉ်းစားမိတိုင်းလည်းအရာရာသာနေပြန်ရော😖
စောင်ဝက်ဘာဆေးစားလို့ perfect ဖြစ်နေတာလဲမသိဘူး😑
ရှည်လွန်းတဲ့အရပ်ကမိန်းကလေးတွေအကြိုက်ဖြစ်ပြီးယောကျာ်းလေးတွေအားကျစရာဖြစ်တယ်
ထူလွန်းတဲ့မျက်ခုံးကအဝေးကနေတောင်ထင်းနေရော
ဖြောင်းစင်းနေတဲ့နှာတံလေးနဲ့သိပ်လိုက်တယ်
ခပ်ထူထူနှုတ်ခမ်းလေးကလည်းဆွဲဆောင်မှုရှိတယ်
အကြည့်တွေဆိုတာကလည်းစူးရှတယ်
တခါတလေ pony tail နဲ့ တခါတလေကျစ်ဆံမှီး စီးတာတောင်ချောလွန်းလှတဲ့သူ့ပုံကပျောက်မသွား
အသံသြသြလေးကလည်းယောကျာ်းတစ်ယောက်အနေနဲ့လိုက်ဖက်လွန်းလှတယ်
abs မရှိပေမယ့်သူ့ဟာနဲ့သူချပ်ယက်နေတဲ့ခန္ဓာကိုယ်ကလည်းကြည့်ကောင်းနေပြန်ရော
လက်ချောင်းလေးတွေဆိုလည်းရှည်ရှည်သွယ်သွယ်လေးတွေ
(မှားကုန်ပြီ 😖 ကိုယ့်ခံစားချက်တွေပါကုန်ပြီ ဟာသရေးမို့ပါဆို)
အမ် နေပါဦး အခုဝက်ကောင်ကိုငါချီးကျွေး အယ်လေ ချီးကျူးလိုက်တာလား 😕
ငါလည်းသူ့လိုဝတ်ကြည့်ရင်ရောဆိုပြီးစဉ်းစားမိတော့🙄
ဘယ်လိုဖြစ်ဖြစ်ချစ်ဖို့ကောင်းနေတဲ့ကျွန်တော်ကသူ့လိုဝတ်ပြီးအဲ့ဝက်နဲ့တူတူ fan service ပေးမယ်ဆိုပါစို့🙄