တွေ့ဆုံခြင်း ၂

1.8K 233 15
                                    

ညက မှောင်သထက် မှောင်လွန်းလှသည်။ ကျွန်တော် အခန်းက အရင်ကထက် ပိုမှောင်နေသလို ခံစားရတာကြောင့် အနီးမှာ ရှိတတ်သည့် မီးအိမ်ကို လက်နဲ့ စမ်းမိတော့ ဗလာနတ္တိ ဘုရား ဒါ ကျွန်တော့်အခန်း မဟုတ်ပါလား ရောက်နေသော နေရာကို အသေအချာ ကြည့်မိတော့ အလင်းရောင် မှိန်ဖျဖျလေးကို မြင်ရတော့ ထိုနေရာကို အပြေးသွားလိုက်မိသည်။ ထိုအလင်းကျနေရာကို ကျွန်တော်ရောက်သောနေရာတွင် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသော အစွယ်ခပ်ကြီးကြီးနဲ့ခွေးမည်းကြီး တစ်ကောင်သည် ကျွန်တော်နဲ့တည့်တည့်ရှိနေသည်။ ကျွန်တော့်ဘေးတွင်လဲ နာနာဘာဝဟု ထင်ရသော အကောင်ပေါင်းများစွာ ပျော်မြူးနေကြသလို ထင်ရသည်။ အိမ်မက်ဆိုရင် ကျွန်တော် နိုးချင်တယ် ဒီအခြေအနေကို ကျွန်တော် တကယ်သဘောမကျဘူး ရေရေရာရာလုပ်နိုင်တာ ဘယ်အရာမှ မရှိတဲ့အတွက် ကျွန်တော် ကိုယ့်ဟာကို အိမ်မက်ကနေ နိုးဖို့ ကြိုးစားနေရင်း ခေါ်သံ တစ်ခုကို ကြားလိုက်မိသည်။

""ရှင်းစက် ""

ကျွန်တော် ဒီလို တည်ငြိမ်တဲ့အသံမျိုး မကြားဖူးတာ အမှန်ပါ။ သူစိမ်းတစ်ယောက်၏ ခေါ်သံမျိုးဖြစ်ပေမယ့် ထိုအသံပိုင်ရှင်ဟာ ကျွန်တော်ရင်းနှီးသူတစ်ယောက် ဖြစ်နိုင်တာကြောင့် ကျွန်တော် နောက်ကို လှည့်ကြည့်မိတော့ ကျွန်တော် ကျွန်တော် အံ့ဩမိသည်။ အမျိုးသားတစ်ဦးဖြစ်သည်။ ကျွန်တော်မြင်ဖူးသမျှထဲလူသားတွေထဲမှာ အချောဆုံးလို့ပင် ပြောရလောက်အောင် ချောလွန်းသည်။ မောင့်လို ဖြူလွှလွှ အသားအရည်မျိုးမဟုတ်ပဲ ဝင်းဝါပြီး ကျက်သရေရှိတယ်လို့ ဆိုရမလားမသိသော ပုံစံမျိုး ဖက်စိမ်းရောင်မြန်မာဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားသည် ကျွန်တော့် အာရုံကို ဖမ်းစားထားသည်။ ကျွန်တော့်ဘေးဘက်တွင် ပုံစံပေါင်းများစွာ ရှိနေသော နာနာဘာဝတွေအစား ကျောပြင်နောက်မှာ ရှိနေသော ခွေးဘီလူးကြီးအစား ကျွန်တော်ဟာ အိမ်မက်မက်နေတယ်ဆိုသော အတွေးတွေအစား....

""ကိုယ့်ကို ကြောက်လို့လား""

""ဗျာ""

""မကြောက်ပါနဲ့ ကိုယ်မင်းကို လက်ဖျားနဲ့တောင် မထိပါဘူး စိတ်ချပါ""

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Where stories live. Discover now