❤️ 15 ❤️

94 13 5
                                    


အရင်ကလိုပြန်နေကြရအောင်လား အချစ်ရယ် ...
ကိုယ်တို့မတွေ့သေးခင်ကလိုမျိုး ~
ရူးမတတ်မချစ်မိခင်ကလိုမျိုး ... ပိုင်ဆိုင်ချင်စိတ်တွေ
မဖြစ်လာခင်တုန်းကလိုမျိုး ...
သေလောက်အောင်မနာကျင်ရခင်တုန်းကလိုမျိုး ... ။
အဲ့လိုမျိုး ကိုယ်မင်းကိုလွှတ်လိုက်မယ် ...
ကိုယ်တို့ပြန်မတွေ့ကြေး အချစ်ရယ် ...
ပြန်မတွေ့ကြေး ... ။

###########################

Hyogin ကိုအတင်းခေါ်လာမိတဲ့အတွက် သူ့ကိုယ်သူပဲ
အပြစ်တင်ရမလိုပင် ...။
ကားပေါ်မှာ တစ်ချိန်လုံးငိုနေတော့တာ ...
အသံမထွက်ဘဲ ကြိတ်ငိုနေတည်းက သူငိုနေတာ
တခြားသူမသိစေချင်တဲ့သဘော ~
ဘယ်လိုလုပ်မလဲ ကိုယ်ကလည်း သူ့အရိပ်အကဲပဲကြည့်နေ
မိတော့ အကုန်မြင်နေရတယ်ရယ် ။
ဟိုတစ်ခါ သူနောက်ကျနေတုန်း ကော်ဖီအမြန်ဝယ်ပြီးထွက်
အလာ ဒီကောင်မလေးနဲ့ဝင်တိုက်မိတည်းက
ခပ်တည်တည်မျက်နှာနဲ့သူ့ကိုသဘောကျသွားတာ...
သူကတော့ ဘယ်မှတ်မိမလဲလေ ... အဲ့အချိန်ကစပြီး
အလုပ်များတာတောင် သူ့နောက်အမြဲလိုက်ချောင်းခဲ့ရတာ
ဒီကောင်မလေးက music major ကတဲ့ ...
စာတော့ကြိုးစားတဲ့ပုံပဲ ... သူသီချင်းဆိုတာကိုတစ်ခါလောက်
တော့ ကြားဖူးချင်သားရယ် ။ ခုတော့ သူ့ကိုတော်တော်မုန်း
နေမှာပဲ ... မတတ်နိုင်ဘူး ငယ်ငယ်တည်းက ကိုယ်လိုချင်
တာဆို ရမှကျေနပ်တဲ့ ကိုယ့်အကျင့်ကြောင့် သူမကြိုက်
တာတွေပဲ လုပ်မိတော့မယ်ထင်ပါရဲ့ အခုကစပြီး ... ။

" ဘာလို့ငိုနေတာလဲ bae ရယ် ... ကိုယ်တောင်းပန်ပါတယ်
ကိုယ်မင်းကိုခေါ်သွားပြီး မနှိပ်စက်ပါဘူး ... အဲ့ဒါကြောင့် .."

" ဘာလို့ ကျမလဲ ? "

" ဟင် ? "

" ဘာလို့ ကျမလဲလို့ ?!!! ဒီလောက်လူအများကြီးထဲမှာမှ
ဘာလို့ !???? ဘာလဲ ? Sehunnie ကိုမကျေနပ်တာ
တစ်ခုခုရှိလို့လား ဟုတ်လား ? သူ့ကိုထပ်ထိခိုက်အောင်
လုပ်မှာတော့ မဟုတ်ပါဘူးနော် ???? "

" ကိုယ်ကပေးထားတဲ့ ကတိတစ်ခုကိုမဖျက်တတ်ဘူး bae
! မင်းသာ ကိုယ့်ကိုလက်ထပ်ရင်ရပြီ !
ကိုယ့်ကို မုန်းနေလည်းကိစ္စမရှိဘူး ...
ကိုယ်ကတော့ ချစ်တယ် ... ဘာလို့ လူအများကြီးထဲမှာမှ
မင်းဖြစ်နေခဲ့လည်း ကိုယ်မသိဘူး ~ ကိုယ်ကတော့
အဲ့ထိ လူအများကြီးထဲကမှ မင်းကိုလက်ထပ်ရတဲ့အတွက်
ပျော်တယ် ... ပြီးတော့ ကိုယ်မင်းကိုစတွေ့တည်းက
သဘောကျခဲ့တာပါ .. ကိုယ့်ကိုအရမ်းမမုန်းနေပါနဲ့ bae ရာ"

⭐️ A star of mine ⭐️ ( Completed )Donde viven las historias. Descúbrelo ahora