15🐱

140 21 3
                                    

sese တယောက်ကားပေါ်မှာအငြိမ်မနေ

kris နားအတင်းကပ်ထိုင်ပြီး scala ဆွဲနေတာပုံပေါင်းသောင်းခြောက်ထောင်

kris တစ်ယောက်လည်းချွေးတွေပါပြန်နေပြီ

စိတ်ထဲကနေအိမ်မြန်မြန်ရောက်ပါစေဆုတောင်းနေရတယ်

အိမ်လည်းရောက်ရော sese ကအရင်ဝင်သွားတယ်

နာမည်ကျော် celebrity ကြီး Wu Kris ခင်ဗျာ သူ့အထုပ်တွေဆွဲရတာပေါ့

cool guy လည်း မ guy နိုင်တော့

ချွေးတဒီးဒီးကျနေရောဘဲ

အိမ်ထဲလည်းရောက်ရောဒင်းလေးကအားမနာရှာမကျိုး sofa ပေါ်ကားယားအိပ်နေတယ်

သူဘဲပင်ပန်းရသေး

wu kris လည်းခုမှပြန်စဉ်းစားနေတာ ငါဘာလို့သူ့ရွေးမိသလဲပေါ့

သူ့ပုံလေးက cool guy ပုံပေါက်လို့ရွေးမိတာ ခုတော့ wu kris ခင်ဗျာကလေးထိန်းဖြစ်လို့

kris လည်း sese အထုပ်တွေကိုသူ့ဘေးအခန်းထဲထည့်လိုက်တာပေါ့

မောမောနဲ့ bathtub ထဲရေးစိမ်နေလိုက်တယ်

တစ်နာရီလောက်ကြာအောင်ရေစိမ်ပြီးပြန်ထွက်လာမှပြဿနာစတာဘဲ

sese ပေါ့ သူ့အထုပ်တွေကို kris အခန်းထဲပြောင်းထားတယ်

နံရံတွေ ဘီဒိုတွေမှာလည်း kris ပုံတွေကပ်ထားတယ်

လူတစ်ယောက်လုံးရှိနေတာ ပုံတွေလိုလို့လား

အိပ်ယာခင်းတွေလည်းခွာချပြီး သူ့ပုံပါတဲ့အိပ်ယာခင်းတွေခင်း ခေါင်းအုံးတွေလည်းပြောင်း

စားပွဲပေါ်မှာလည်းဓာတ်ပုံတွေ kris သုံးသမျှပစ္စည်းတွေဝယ်စုထားတာကိုတင်ထားတယ်

kris လည်းစဉ်းစားနေတာပေါ့ နေ့ချင်းညချင်းငါ့အိမ်ကြီးဇောက်ထိုးတွေဖြစ်ကုန်ပြီလို့

အနှီအကောင်ပေါက်ကဘာတွေထုတ်နေမှန်းမသိ သူ့အိတ်ထဲဖင်ကုန်းနှိုက်နေပြန်ရော

နေပါဦး သူ့ဘောင်းဘီက style အသစ်လား

တစ်ထည်လုံးမီးခိုးရောင်ဖြစ်ပြီးဘယ်လိုဖြစ်လို့အလည်ကအနီလေးဖြစ်နေတာတုန်း

အဲ့ design နဲ့ဘောင်းဘီမတွေ့ဖူးပါဘူး လို့ kris စဉ်းစားတာမဆုံးသေး ဘောင်းဘီချုပ်ရိုးကပိုပိုပြဲလာတယ်

ဘောင်းဘီချုပ်ရိုးပြဲတာနဲ့အမျှ kris မျက်လုံးလည်းပိုပိုပြူးလာတယ်

တစ်သက်နဲ့တစ်ကိုယ်စင်ပေါ်မှာကတာတောင်ဘောင်းဘီမပြဲဖူး သူများတွေပြဲတယ်ဆိုတာတော့သိတယ် မမြင်ဖူး ခုမှကွက်ကွက်ကွင်းကွင်းကြီးမြင်နေရတာ

ပိုဆိုးတာကသူ့ boxer အနီလေးမှာတဖြည်းဖြည်းပေါ်လာတဲ့မျက်နှာတစ်ခု

ပေါ်လာတဲ့မျက်နှာတစ်ခြမ်းကိုကြည့်ရင်း ဒီမျက်နှာငါမြင်ဖူးတယ် လို့ kris စဉ်းစားနေမိတယ်

နောက်မျက်နှာတစ်ခုလုံးလည်းပေါ်လာရော kris ထခုန်ပြီးကိုယ့်မျက်နှာကိုကိုင်မိတယ်

လှလား??

ရုတ်တရက် sese ထံကထွက်လာသောအသံ

လှလားလို့??

ထပ်မေးပြန်ပြီ ဘာကိုလှရမှာလည်း kris စဉ်းစားနေမိ

ဘာ ဘာကိုလှရမှာလဲ??

မဟုတ်ပါစေနဲ့ဆုတောင်းကာမှဆုတောင်းကမပြည့် sese ပြောလိုက်တာသေချင်စော်နံသွားရော

sese boxer က fanfan ပုံလေးလှလားတဲ့

wu yi fan ဆို fan တိုင်းကဓာတ်ပုံဖြစ်နေပါစေ မထိရက်မတို့ရက် ဒင်းနဲ့ကျမှ boxer မှာ wu yi fan ပုံကပ်ထားတယ်

ဆိုင်မှာသေချာပုံနှိပ်ခိုင်းထားရတာ တစ်ထည်နဲ့တစ်ထည်ပုံမတူဘူး

အမယ်လေး သူကဘောင်းဘီတိုင်းမှာလုပ်ထားတာကိုး

wu yi fan တို့အသက်ထွက်ချင်စိတ်တွေပေါက်နေရော

တစ်ထည်ပြီးတစ်ထည်ပြရင်းပြောလိုက်တာ ဘာတဲ့

fanfan ထွက်လာအောင်စောင့်နေရတာ boxer က fanfan ပုံပြချင်လို့ ဘောင်းဘီချုပ်ရိုးဖြည်ပြီးမပြဲပြဲအောင်ဖင်ကုန်းနေရတာအီးတောင်ထွက်တော့မယ် တဲ့

boxer တစ်ထည်ပြီးတစ်ထည်ပြတာနောက်ဆုံးတစ်ထည်အဆိုးဆုံး

ဘယ်နှယ့် wu yi fan လျာထုတ်ပြောင်ပြနေတဲ့ပုံကိုကပ်ထားတာတုန်း

wu yi fan လန့်ဖျန့်ခုန်မိတော့ sese ပါလန့်ပြီး wu yi fan ကိုဆွဲလိုက်တာ စတည်းကမခိုင်ချင်တဲ့တပတ်လေးခင်ဗျာမြေတွင်ဝတ်တွားစွာခစားလို့

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး!!!!!!!!!!!!!!!

-------

fan fan လေး ကိုယ့်ဆီလာကွယ်

#PMY(Wu)👑

My kitty catboyWhere stories live. Discover now