မြေခခဲ့သော သွေးမျက်ရည် ep 2

573 57 14
                                    

"တောက် !!!!"

"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ ဇာမဏီ။ မင်းကိုခိုင်းရင် ဘယ်တော့မှ စိတ်တိုင်းကျ မဖြစ်ဘူး။ အဲ့တာတွေပေါ့၊ မင်းအမေနဲ့တူတာ။"

ဖေဖေ၏ မျက်နှာပေါ်တွင် အလိုမကျမှု၊ ဒေါသဖြစ်မှုများက ဝန်းရံလျက်

"လှရီ!!.. လှရီ!!"

ဖေဖေ၏ အမိန့်ပေးဆန်သော စကားသံက စံအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအချိန် ကိုယ်ပေါ်၌ မီးခိုးရောင်ပြောင်ပေါ် အဖြူရောင် နှင်းဆီပွင့်ချပ်များပါသည့် ခပ်နွမ်းနွမ်း ဝမ်းဆက်လေးက နေရာယူထားသည့်အပြင် ဆံပင်ကို တစ်ဖက်တည်းစုချထားသည့် မိန်းမပျိုလေးသည် ဖေဖေ့၏ ခြေတော်ရင်းသို့ အခစားဝင်ခဲ့သည်။

"ဦးလေး သမီးကိုခေါ်ပါသလား။"

မမလှရီသည် ဖေဖေ့အားရို့ကျိုးစွာမေးလိုက်သည်။

"အေး.. ငါ့အခန်းကိုရှင်းထား။ အိပ်ရာခင်းတွေ၊ အဝတ်တွေလျှော်ထား။ ပြန်လာလို့မှမပြီးသေးရင် ငါမင်းကို အပြစ်ပေးမယ်။ သွားတော့။"

မမလှရီလည်း အခန်းထဲမှ ထွက်သွားလေသည်။

"ဇာမဏီ..ဇာမဏီ။ မင်းဟာ ငါ့လက်ခုပ်ထဲက ကြိုးဆွဲရာကရတဲ့ သက်ရှိရုပ်သေးပါ။
မင်း ငါနဲ့ယှဉ်ဖို့ ငယ်ပါသေးတယ်။ ငါက မင်းရဲ့ဟာကွက်ကို သိနေသေးသ၍ မင်းဘဝ၊
မင်းခန္ဓာကိုယ် အကုန်ငါပိုင်နေဦးမှာပဲ။ လာ.. သွားမယ်ဆူဇီ။"

"ကိုကိုရေ.. ကိုကိုလို့.. ဟောဒီက ဆူဇီလေးကိုလေ ကိုကို့ အဘွားကြီးရဲ့ လည်ဆွဲဘယက်လေး ပေးပါလားဟင်။"

ဆူဇီဆိုသောသူမက ဆူးအား မဲ့ပြုံးလေးကို မခို့တရို့ ပြုံးပြလိုက်သည်။

"ကိုကိုပြောတာ သေချာနားထောင်နော်။ ဘာလို့ အဲ့အဘွားကြီးရဲ့အကျန်ကို ဆူဇီလေးကလိုချင်တာလဲ။ သူကသေတော့မှာလေ။ ဆူဇီလေးလိုချင်ရင် စိန်တစ်ဆင်ဆာ ဝယ်ပေးမယ်လေ။"

မေမေ့အတွက် တစ်ပတ်စာ ဆေးဖိုးဝါးခနှင့် ညီမျှသည့်တန်ဖိုးကို တစ်ပါးသူအား လွယ်လင့်တကူပေးအပ်နိုင်သည့် ဖေဖေ့ကို ဆူးအံ့ဩကာ ရယ်မိသည်။

မြေခခဲ့သော သွေးမျက်ရည်Donde viven las historias. Descúbrelo ahora