တကယ်လို့များဆိုပြီး ဖြစ်မလာနိုင်တဲ့အရာ
တစ်ခုကို မျှော်လင့်ခဲ့မိတယ် ...
ဆန်းကြယ်မှုတစ်ခုအနေနဲ့များဖြစ်လာမလား
ဆိုပြီးတော့ ...
ဒါပေမယ့် ဆန်းကြယ်မှုကတော့
ဖြစ်မလာခဲ့ပါဘူး~
ဖြစ်လာလေ့မရှိပါဘူး ~
အဲ့ဒါကိုက ဆန်းကြယ်မှုဖြစ်နေတာမို့လို့လေ..#####################
" လာ bae ... ကိုယ်ဆေးသေတ္တာယူလာတယ် ..
ဆေးထည့်ရမယ် ။ တောင်းပန်ပါတယ်ကွာ ..
ကိုယ်စိတ်လွတ်သွားတာ .. တကယ် .. တကယ်
တောင်းပန်တယ် .. နော် "" တော်ပါတော့ ... ခင်ဗျားကပိုဆိုးနေတာ.. လာ .. ခင်ဗျား
အရင်ဆေးထည့် "" ကိုယ်ကရတယ် .. bae အရင် ... "
" ကျွတ် ~ ခင်ဗျား သိပ်လျှာရှည်တာပဲ .. လူကစေတနာနဲ့
ဆေးထည့်ပေးမယ်ဆိုတာ လက်ခံလိုက်ပေါ့ ..
တကယ်ပဲ ... စေတနာပျက်အောင် "" မဟုတ်.. မဟုတ်ပါဘူး bae ရယ် ... ကိုယ်က ..
တကယ်တော့ တစ်ခါမှအဲ့လိုဂရုစိုက်ပေးတာမခံဖူးလို့ပါ
ကိုယ်ပြောတာက အဲ့လိုဆေးထည့်ပေးတာမခံဖူးဘူးမို့လို့..
အဲ့ဒါကြောင့် ..."" ဟာ ~ တော်တော့ .. လာ .. ဆေးထည့်မယ် "
" အင်း ... bae "
မျက်နှာကြီးကိုပြုံးပြီး ကလေးတစ်ယောက်လို အနားကပ်
လာကာ သူ့ဆံပင်ကိုလက်နဲ့ကိုင်ဖယ်ထားပေးလေသည် ။
နဖူးကသွေးတွေကို သန့်ရှင်းရေးလုပ်ပေးပြီး ဆေးထည့်
ပေးကာသေချာ ပလာစတာနဲ့ကပ်ပေးပြီးမှ ပြုံးတုံးတုံးလုပ်
နေတဲ့ထိုလူကြီးက မျက်နှာကိုသေချာစိုက်ကြည့်လာသည်။" ဟီး .. ကျေးဇူးပဲ bae "
" တော်တော်ပျော်နေလား .. ဒဏ်ရာရတာကို "
" အင်း bae က ဒီလိုသေချာဆေးထည့်ပေးတာကိုး ...
အာ ~ ဗိုက်ဆာနေပြီလား ? ကိုယ်ထမင်းသွားယူပေးမယ် "" ရတယ် .. မစားတော့ဘူး "
" အဲ့ဒါဆို အိပ်လိုက်တော့နော် နောက်ကျနေပြီ ...
ကိုယ်ဟိုဘက်အခန်းမှာ ရှိမှာမို့လို့ တစ်ခုခုဆို ပြောနော် "" အင်း ... ဟို ... ဒါနဲ့ .. ကျမ ဒီအခန်းထဲမှာပဲနေရမှာလား
အပြင်... အပြင်ထွက်လို့မရဘူးလား ? မနက်ဖြန်ကျ
ကျောင်းသွား ... "
YOU ARE READING
⭐️ A star of mine ⭐️ ( Completed )