Flowers

3.6K 172 6
                                    

Flowers                                        Lesbians  story

🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺 🌺

Written by Ngwe La Yaung

👭👭👭👭👭👭👭👭👭👭👭👭👭👭👭


အိမ်​​ရှေ့က စိန်​ပန်းပင်​က စိန်​ပန်းပွင့်​​တွေ အနီ​ရောင်​​သွေးရဲရဲနီ​လျက်​ရှိ​နေတယ်​။ ဂန္ဓမာတ​ယောက်​ ခြံဝင်းဝကို တ​ရွေ့​ရွေ့စိတ်​မပါစွာ ​လျှောက်​​နေမိတယ်​။
"တီတီ တီ တီ"
ဟွန်းကို ဆက်​ကာ ဆက်​ကာ တီးရင်း
ဒေါနစိတ်​တို​နေမိတယ်​။မလှုပ်​တလှုပ်​​လျှောက်​​နေတဲ့ ဂန္ဓမာကို ကြည့်​ပြီး ​ဒေါသက ပိုထွက်​လာရတယ်​။
"ေ​ဟ့ မင်း​ရဲ့ ခရုလို လိပ်​လို​ခြေလှမ်း​တွေကို ငါ စိတ်​မရှည်​​တော့ဘူး​နော်​"
ကား​မှန်​ကို ချပြီး ​ခေါင်းထွက်​ရင်းလှမ်း​အော်​​တော့
သနားစရာ မျက်​လုံးရွဲကြီး​တွေ​က ​တောင်းပန်​တိုးရှိုးတဲ့အကြည့်​​တွေ။
ဒေါန သက်​ပြင်းပဲ ချမိ​တော့တယ်​။

သူမ ဂန္ဓာမာပုံ။
နာမည်​နဲ့လိုက်​​အောင်​ ဆွတ်​ဆွတ်​ဖြူ​နေတဲ့ အသားအရည်​နဲ့။ကြီးမားလှပတဲ့ မျက်​ဝန်းညို့​တွေ ပိုင်​ဆိုင်​ထားတဲ့သူမ။
ဖေ​ဖေ့ရဲ့ ​မြောက်​မြားလှစွာ​သော ဂရုဏာမိုး​တွေ
(အမှန်​က​တော့ အားနာတတ်​တဲ့စိတ်​​တွေပါ)
ကြောင့်​ သူမ ​ဒေါနတို့အိမ်​အရိပ်​​အောက်​ကို ​ရောက်လာခဲ့ရတာပါ။

ဒေါနက ​ဒေါနစိမ်းဆိုတဲ့ နာမည်​နဲ့လိုက်​​အောင်​ အသားရည်​ကြည်​လင်​မှုကို စိမ်းဖန့်​ဖန့်​ဖြစ်​​လောက်တဲ့အထိ အ​မွှေးအမျှင်​ပါး​တွေက ဖုံးအုပ်​ထားပြီး ခပ်​တိုတိုဆံပင်​ထူအုပ်​အုပ်​ကို အမြဲ ဘိုသီဘတ်​သီနဲ့ မိန်းမသိပ်​မဆန်​တတ်​သလို T shirtနဲ့ ​ဘောင်းဘီကို မချွတ်​တမ်းဝတ်​တတ်​တဲ့ မိန်းမမကျ ​ယောင်္ကျားမကျ ​ဖေ​ဖေက​တော့ အမြဲ ဆူပူ​နေတတ်​တဲ့ ​ဖေ​ဖေ ဦးချမ်းသာရဲ့ တဦးတည်းေ​သာ မိတဆိုးသမီး​လေးပါ။

ပြိုင်​ကား​ငွေမှင်​​ရောင်​​လေးကို တရကြမ်း​မောင်းသွားတဲ့ ​ဒေါနကို ကြည့်​ရင်း ဂန္ဓမာ​တွေးမိတယ်​။
သူမဘဝက ပြည့်​စုံလိုက်​တာ။ချမ်းသာမှုက ကျိကျိတက်​​နေတဲ့ အ​ဖေရဲ့ တဦးတည်း​သောသမီး။
ဘာမဆို လိုလိုက်​တိုင်း တ စရာ​တောင်​မလို လုပ်​​ပေးဖို့ ဝိုင်း​နေတဲ့ အ​စေအပါး​တွေရဲ့ အကြားက ​ရွှေပုံစံ ဘဝ။
ဒါ​တောင်​ အလိုမကျမှု​တွေက သူမ မျက်​နှာမှာ အမြဲ အရိပ်​လိုခို​နေ​သေး။
မျက်​​တောင်​ခပ်​စိတ်​စိတ်​​တွေ ​အောက်​က မျက်လုံးဝိုင်းက​လေး​တွေကို အမြဲအလိုမကျရိပ်​​တွေဖုံး​နေတဲ့သူမ။ မျက်​ခုံးထူထူ​လေးကလည်းအမြဲ ကျုံ့ထားတတ်​​သေး။
ဘာဘီရုပ်​လို နှာ​ခေါင်းချွန်​​လေးနဲ့ နှုတ်​ခမ်းပါး​လေး​တွေအမြဲရဲ​နေတဲ့ သူမက အမြဲဘိုသီဘတ်​သီနဲ့ ​နေထိုင်​တတ်​တယ်​။ဝတ်​လိုက်​မှဖြင့်​ အဝတ်​အစားက Brand​တွေ အ​ကောင်းစား​တွေချည့်​။ဒါ​ပေမယ့်​ ဘယ်​​တော့မှ သပ်​သပ်​ရပ်​ရပ်​မရှိ။

Flowers Where stories live. Discover now