My Everything Ep10

682 76 15
                                    

ငါးဖမ်းစက်လှေတွေဆိုက်ကပ်တဲ့ ကမ်းစပ်လေးရဲ့တစ်နေရာမှာ Taeyeonထိုင်နေရင်း ပင်လယ်ပြင်ကြီးကိုငေးကြည့်နေမိသည် ... ။ ညနေခင်းနေရောင်ခြည်ကြောင့် ပုစွန်ဆီရောင်သမ်းနေတဲ့ ပင်လယ်ပြင်ကြီးကအဆုံးအစမရှိကျယ်ပြောလှသည် ... ။ ကောင်းကင်ပေါ်မှာလည်း ငှက်ကလေးတွေက အိပ်တန်းတက်ဖို့ အုပ်စုလိုက်ပျံသန်းနေကြသည် ... ။ လေအေးတစ်ချက်ခပ်ပြင်းပြင်းတိုက်ခိုက်လိုက်တဲ့အခါ အသွေးအသားထဲကစိမ့်နေအောင်အေးသွားရသည် ... ။ ဂျာကင်အင်္ကျီကိုခပ်တင်းတင်းဆွဲစေ့မိတော့ Yuriရဲ့ကိုယ်သင်းရနံ့လေးကအင်္ကျီကနေတဆင့် Taeyeonရဲ့နှာခေါင်းထဲကိုတိုးဝင်လာသည် ... ။ Yuriနဲ့ပတ်သတ်တဲ့ပစ္စည်းဆိုလို့ ဒီဂျာကင်အင်္ကျီတစ်ထည်သာ Taeyeon နဲ့အတူပါလာခြင်းဖြစ်သည် ... ။

'သတိရတယ်'

သူ ထိုတံငါရွာလေးကိုရောက်နေတာ တစ်ပတ်လောက်ရှိခဲ့ပြီ ... ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ တံငါသည်တို့ရှိရာ ထိုရွာလေးမှာ သူ့လိုမျက်နှာစိမ်းကိုသိပ်ပြီးဂရုပြုမိဟန်မရှိပါ ... ။ ငှားထားတဲ့အခန်းနားက ဒေသခံတချို့နဲ့မေးထူးခေါ်ပြောလောက်သာရှိသည် ... ။ ခေါင်လွန်းတဲ့ထိုနေရာလေးမှာ ဘာဆိုဘာမှမရှိ ... ။ အဆင့်မြင့်တိုက်တာအဆောက်အအုံမရှိ ၊ နောက်ဆုံးပေါ်မော်တော်ကားတွေလည်းမရှိ ။ အဆိုးဆုံးကတော့ Taeကိုချစ်တဲ့ Yuriမရှိပါ ... ။

Yuriကိုထားခဲ့ပြီး နယ်စွန်နယ်ဖျားကိုထွက်ပြေးလာဖို့ Taeအတွက်မလွယ်ကူခဲ့ပါဘူး ... ။ သို့သော် Taeကိုအန္တရာယ်ပြုချင်တဲ့ မူးယစ်ဂိုဏ်းကလူတွေက Taeနဲ့Yuriကိုခြေရာခံလိုက်နိုင်ခဲ့ပြီဆိုတဲ့ သတင်းကိုJiyeonဆီကကြားပြီးကတည်းက Yuriရဲ့အဝေးကိုထွက်သွားဖို့ သူခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတာပါ ... ။ Yuriပါ သူတို့ပြသနာထဲပါလာမှာကို Taeyeonမလိုလားခဲ့ပါ ... ။

အဆိုးဆုံးက Yuriကိုထိုလူတွေ အသက်အန္တရာယ်ပြုမှာကို Taeအကြောက်ဆုံးပါ ... ။ ဒါကြောင့် ထိုနေ့က Jiyeonရဲ့ အကူအညီနဲ့ Yuri အလုပ်သွားနေတဲ့အချိန် Tae သူတို့ရှေ့မှာတမင်လူယောင်ပြပြီး အဝေးကိုထွက်ပြေးပုန်းရှောင်ဟန်ပြခဲ့သည် ... ။ သူထွက်ပြေးလွတ်မြောက်ခဲ့တာက Yuriအကူအညီမပါခဲ့မှန်းထိုလူတွေကိုသိစေချင်ခဲ့သည် ... ။ ကံကောင်းထောက်မစွာနဲ့ Taeyeonနောက်ကိုသာလိုက်ဖို့သူတို့အာရုံစိုက်နေကြသည် ... ။ လူဆိုးဂိုဏ်းနဲ့ ရဲတွေသာမကပဲ Yuriကပါ သူ့ကိုသွေးရူးသွေးတမ်းနဲ့လိုက်ရှာနေတယ်ဆိုတာသိလိုက်ရတော့ ရင်ထဲအဆမတန်နာကျင်ရသည် ... ။ Yuri အပေါ်သူဘယ်လောက်ချစ်မိသွားလဲဆိုတာခုတော့သိခဲ့ပါပြီ ... ။

You are my everything to meWo Geschichten leben. Entdecke jetzt