လူပျို​သိုး

41.7K 359 1
                                    

လူပျို​သိုး

♦♦♦♦♦♦♦♦♦♦♦♦♦♦

(၁)

ည​ကတိ​တ်​ဆိတ်ငြိမ်​သက်​လျှ​က်​ရှိ​သည်။ ပတ်ဝန်းကျင်​တွင် မှောင်​မဲ​နေ​သော အရိပ်​အ​ယောင်​များ​မှ​လွဲ ၍​အခြား​သက်​ရှိ​ဟူ၍ ပျောက်​ခြင်း​မလှ​​ပျောက်​ဆုံး​နေ​ပါ​သည်။  သူ့​ရဲ့​အသက်ရှူ​သံတွေ​က ခပ်​ပြင်းပြ​င်း​လေး​ထွက်​ပေါ်​နေ​သည်။ ဝင်​လေထွက်​လေ ပင့်​သက်​ရှိုက်​လိုက်​တိုင်း သူ့​ရဲ့​ရင်​ထဲ​လှိုက်​က​နဲ လှိုက်​က​နဲ​ဖြစ်​သွား​သည်။ သူ့​မျက်နှာ​ပေါ်​ဝဲ​နေ​သည့် ဇာ​ခြင်ထောင်​စ​လေး​က သူ့​ရဲ့​အသက်ရှူ​လေကြော​င့် အနည်းငယ် လှုပ်​ခတ်​သွား​သည်။ သူ့​ခန္ဓာ​ပေါ်​တွင် အညာ​စောင်​အပါး​လေး​ကို​သာ​ခြုံ​ထား​ပါ​သည်။ သူ့​ခါး​က​ပုဆိုး​ကတော့ ကွင်း​လုံး​ပြေ​ပြီး သူ့​လည်ပင်း​သို့​ရောက်​နေ​ပါ​သည်။ သူ့​နှုတ်ခမ်း​သား​တွေ​ကို လျှာ​ဖြင့်​တစ်​ချက်​သပ်​လိုက်​ရင်း တိုးတိုး​လေး​ငြီး​ညူ​မိ​သည်။

"..............."

စောင်​ထဲ​တွင်​လှုပ်ရှား​နေ​သော သူ့​ရဲ့​လက်​ကလေး သွက်​သ​ထက်​ပိုမို​သွက်​လာ​ပါ​သည်။ သူ့​အသက်ရှူ​သံတွေ မြန်​သ​ထက်​မြန်​လာ​ပြီး လောက​ကြီး​ကို​မေ့​ချင်​သ​လို လေ​ထဲ​သို့​လွင့်​မြောက်​သွား​သ​လို​ခံစား​နေ​ရသ​ည်။ ဆူ​ညံ​လှိုက်​ခုန်​နေ သော​သူ့​ရင်ခုန်​သံ အပိုင်း​အစ​တွေ​က ​ဟိုး​အဝေး​က​စကြဝဠာ​ထဲ​ကို လွှင့်​ပစ်​ခံ​လိုက်​ရသ​လို လွင့်​မြော​သွား​သည်။ သူ့​နှုတ်ခမ်း​လေး​ကို အသာ​ခပ်​ဖွ​ဖွ​လေး​ကိုက်​ထား​မိ​သည်။ သူ့​နားရွက်​လေး​တွေ​က​လဲ နီမြန်း​နေ​လောက်​ရော့​မည်။ သူ့​ဆံပင်​စ​တွေ​ကတော့ ရမ္မက်​ချွေး​တွေ​ဖြင့် စို​စ​ပြု​လာ​သည်။

သူ့​လက်​ရဲ့ လှုပ်ရှား​မှု​လေး​တွေ​င် မြန်​လာ​တာ​နဲ့​အမျှ တစ်​ချက်​တစ်​ချက်​တွင် အား​မ​လို​အား​မ​ရ​ဖြစ်​ပြီး ခါး​လေး​ကော့​ကော့​သွား​မိ​သည်။ ခံစား​မှု​အရသာ​တွေ အ​ထွတ်​ထိပ်​သို့​ရောက်​ရှိ​လာ​သော​အခါ ကောင်းကင်ဘုံ​က နတ်​စည်းစိမ်​တွေ သူ့​ပေါင်​ကြော​တစ်​လျှောက် စီး​ဝင်​လာ​ပါ​သည်။

လူပျို​သိုး Where stories live. Discover now