My Family(Final)

83 11 2
                                    

Ji Yong ထိုင်နေသော Chae ၏ အပေါ်ကို အုပ်မိုးလိုက်သည်နှင့်တပြိုင်နက် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အမြင်အာရုံတစ်ခုလုံး မှောင်မည်းသွားသည်...

Chae လဲကျသွားသော GD ကိုပွေ့ဖက်ထားလိုက်ပြီး
"Ji Yong "
Chae ၏ အသံကို GD ကြားနေသေးသညိ...

*ဒါဆိုငါသတိမလစ်သေးဘူးပဲ
ဘာလို့ဘာမှမမြင်ရတော့တာလဲ*

"Arpha "

ညည်းသံတစ်ခုထွက်လာပြီး GD သတိလစ်သွားခဲ့သည်...

"မျက်စိကို မှန်စတွေထိမိသွားလို့ မျက်ကြည်လွှာပျက်စီးသွားတာပါ..တခြားဒဏ်ရာတော့မရှိပါဘူး..ဒါပေမဲ့ မျက်လုံးကတော့..."
ဆရာဝန်၏ စကားအဆုံး Chae ယိုငိလဲကျသွားသည်ကို Jennie ကဆွဲထားလိုက်သည်...

"မျက်ကြည်လွှာ အလှူ ရှင်မြန်ုမြန်ပေါ်ဖို့ဆုတောင်းကြတာပေါ့ဗျာ"
Doctor က စိတ်မသက်မသာသလိုအသံနှင့်ပြောပြီး လူနာခန်းထဲမှထွက်သွားသည်...

ကုတင်ပေါ်တွင် မျက်လုံးကို ပတ်တီးစည်းထားလျက် ကျောနှင့်ရင်ဘတ်တွင် ပတ်တီးများနှင့်ပြည့်နှက်နေသော Ji Yong ကို ကြည့်ရင်း Chae မျက်ရည်များ တားဆီးမရအောင် စီးဆင်းကြလာသည်
"Ji Yong...Ji Yong ကိုယ့်ကြောင့်"

-----------------------

GD p.o.v:
ဒီနေ့တော့ ဆေးရုံဆင်းလာခဲ့ပြီ...အမှောင်ကိုပဲတွေ့နေရတဲ့ကျတော့်မျက်လုံးတွေအကြောင်းသိရတော့ တော်တော် နာကျင်ခဲ့ရတယ်..ကျတော့်ကို မြင်တိုင်း nuna ကြိတ်ပီးမျက်ရည်ကျနေတာ ကျတော်သိတယ်...nuna အတွက် ကလေးအတွက် ကျတော် စိတ်မကောင်းဘူး...ကျတော်ကလား..ရပါတယ်...အသက်၂၆နှစ်မှ ဘုရင်လို ပြုစုခံနေရတယ်...မဆိုးပါဘူး ..Ms.Nam နဲ့ Chae ဆေးရုံဆင်းဖို့ပြင်ဆင်ပြီးလာပြီထင်တယ်

"လာပြီလား nuna"

"အင်း...အင်္ကျီလဲရအောင်"
ပြောရင်းနဲ့ Chae GD၀တ်ဆင်ထားသော လူနာအင်္ကျီ ကြယ်သီးတစ်လုံးကိုဖြုတ်လိုက်သည်...

ရင်ဘတ်က မှန်ကွဲစ ဒဏ်ရာတွေလည်း အချို့ကတော့ကျက်နေပြီ...
ထိုဒဏ်ရာများကို မြင်တိုင်း Chae မငိုမိအောင် မနည်းထိနိးရသည်...

သူအင်္ကျီညင်သာစွာချွတ်ပေးနေသော GDကတော့ ပြုံးစိစိနှင့် ကြည်နူးနေသည်...

You are MY BREEZE ♥(SkyDragon) Where stories live. Discover now