2

986 133 22
                                    

ကိုယ့်ဘဝထဲကိုမင်းကိုဘယ်တုန်းကမှဆွဲမသွင်းချင်ခဲ့ဖူးဆိုတာယုံပါချစ်သူ.....

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အစ်ကိုအဆင်ပြေရဲ့လား....အစ်ကို....အစ်ကို
အစ်ကိုလုပ်ပါဦး....ဒီကအစ်ကိုခေါ်မရတော့ဖူး"

"Hyung ဘာဖြစ်တာလဲ...ခေါင်းအရမ်းနာသွားလား"

Kris ခေါင်းကိုကိုင်ပြီးငိုင်နေရာက BaekHyun ကပုခုံးကိုလာကိုင်ပြီးမေးသောကြောင့်သတိပြန်ဝင်လာရတယ်

"အေး....ဘာမှမဖြစ်ဖူး....နည်းနည်းနာသွားတာ
ဟိုတစ်ယောက်နောက်ဆိုတံခါးကိုကြည့်ဖွင့်"

"ဟုတ်ကဲ့...."

"ဒါနဲ့ Hyung ကဘယ်သွားမလို့လဲ"

"Hyung ကပြန်တော့မလို့တဲ့ Honey ရဲ့"

BaekHyun က Kris အင်္ကျီကိုင်ပြီးထတော့
မေးတာကို Sehun ကအစားဝင်ဖြေလိုက်ခြင်း

"Hyung ကလဲမပြန်ပါနဲ့.....
ဒီမှာ Hyung အတွက်ကျွန်တော်သူ့ကိုခေါ်လာတယ်"

BaekHyun စကားကြောင့် Kris မျက်ခုံးပင့်သွားရကာ...

"ဟေ့ကောင်.....မင်းဘာတွေပြော"

"လာပါ Hyung ရဲ့...Loey မင်းရဲ့အရည်အချင်း
တွေနဲ့ငါတို့ Hyung ကိုဖျောဖြေလိုက်ပါဦး
Hyung ကပျင်းလို့တဲ့"

BaekHyun က သူ့ကိုရောဘေးကကောင်လေး
ကိုပါလက်မောင်းကနေပြန်ဆွဲသွားပြီးခုံမှာထိုင်ခိုင်းလိုက်သည်။
မျက်နှာချင်းဆိုင်ခုံတန်းရှည်ကြီးမှာ BaekHyun နဲ့ Sehun ကတစ်ဖက်၂ယောက်
ဟိုကောင်လေးကတော့သူ့ဘေးမှာဝင်ထိုင်သည်။

Kris  က Sehun ကိုလှမ်းပြီး သူဘယ်သူလဲ မင်းသိလားဆိုသောပုံစံဖြင့်မျက်ရိပ်လှမ်းပြရာ
Sehun ကသူသိပါတယ်ဆိုတော့သဘောဖြင့်
ခေါင်းငြိမ့်ပြလိုက်သည်။

"Loey စတော့"

BaekHyun ကပြောတော့အနှီကောင်လေးက
လက်ထဲမှဖဲချပ်များကိုချခင်းပြသည်။
ပြီးတော့သူ့မျက်လုံးကိုသေချာကြည့်ကာ...

"ဒီဖဲထုပ်ထဲမှာဖဲချပ်တစ်မျိုးကို၂ကဒ်စီပဲပါတယ်အစ်ကို....ဘုရင်၂ကဒ် ဘုရင်မ ၂ကဒ် အဲ့လို
ဒီဖဲချပ်တွေကိုအစ်ကိုစစ်ပြီးအကြိုက်ဆုံးတစ်ကဒ်ရွေးလိုက်ပါ....ပြီးရင်အစ်ကိုစိတ်တိုင်းကျမွှေလိုက်ပါ...."

You've reached the end of published parts.

⏰ Last updated: Jan 01, 2018 ⏰

Add this story to your Library to get notified about new parts!

You Make Me SufferWhere stories live. Discover now