Park Family💓

1.7K 172 21
                                    


"ဒုန်း ဒိုင်း.....

ဒတ် ဒတ် ဒတ်"

အိမ်ရှေ့မှာ ထိုင်ပြီး အပီအပြင် ပယ်ပယ်နယ်နယ် game ထိုင်ဆော့နေတဲ့မောင်နှမနှစ်ယောက်ကိုကြည့်ပြီး အလုပ်က ပြန်လာလာချင်းမှာပဲ Chanyeol အမောဆို့သွားတယ်....

တစ်အိမ်လုံးရှုပ်ပွနေပြီး ခြေချစရာနေရာတောင်မရှိ...

သမီးငယ်လေးကတော့ ငယ်သေးလို့ ထားပါ....
သားကြီး Sehun ကတော့ အသက် ၂၀ပဲ ဖြစ်နေပြီ
ခုထိ ကလေးနဲ့ ပြိုင်ဆော့တုန်း....

"သားကြီး... မင်းအလုပ်မသွားဘူးလား "

"Daddy ဒီနေ့ ရုံးပိတ်တယ်လေ အဲ့တာကြောင့်
ည်ီမလေးကို အချိန်ပေးနေတာ..."

သူ့ညီမလေး ခေါင်းကိုဖွဖွလေးပုတ်ကာ ပြုံးပီးပြောနေတဲ့ Sehun ရဲ့ ပုံက တကယ့်ကို အကိုကြီး
အဖရာ ပုံမျိုး......

တခါတလေ ကလေးအရမ်းဆန်တာက လွဲရင်ပေါ့....

"သားကြီး ပြီးရင် ဒါတွေရှင်းနော်.....
ဒါနဲ့ မင်း Appaရော"

"Appa နောက်မှာ အလုပ်ရှုပ်နေတယ်...
Daddy နဲ့ appa ကို party ပွဲဖိတ်ထားတယ်လေ...
သားတော့မလိုက်ဘူးနော် ညီမလေးကို ခေါ်သွား"

သူ့သားကြီး Sehun က ဒီလို လူရှုပ်တဲ့ပွဲမျိုးဆို မလိုက်ချင်.....
အေးအေးဆေးဆေးနေတတ်တဲ့ လူစားမျိုး
ဒါက ကျွန်တော်နှင့်တူတာပဲ ဖြစ်မည်...

သမီးငယ်ကတော့ မိန်းကလေး ပီပီ...
ဟိုစပ်စု ဒီစပ်စု.. အရမ်းလည်း လည်တာ..
ဒါက byun baekhyun နဲ့တူတာပဲနေမှာ..

ဒီကလေးနှစ်ယောက်က ကျွန်တော်တို့ကလေးနှစ်ယောက် မဟုတ်ဘူးလဲ ပြောလို့ရသလို.... ဟုတ်တယ်လဲ ပြောလို့ရတယ်...

ပြောချင်တာက မွေးစားထားတာပေါ့.....
ကျွန်တော်နဲ့ baekhyun လက်ထပ်ပြီး ၂နှစ်လောက်ကြာတော့ အိမ်က လူကြီးတွေက မျိုးဆက်မပြတ်ချင်ဘူးပြောတယ်လေ.....
ခက်တာက baekhyunကို ကလေးမမွေးစေချင်တော့......မွေးစားမယ်ဆိုပြီး မိဘမဲ့ဂေဟာကိုသွားခဲ့တယ်....

ပထမဆုံးမှာပဲ ၁၀နှစ်အရွယ်ရှိတဲ့ Sehun ကိုမွေးစားခဲ့တယ်လေ....
Sehunလေးက လိမ်မာတော့ အိမ်က မိဘတွေလဲချစ်.... တအိမ်လုံးရဲ့ အသည်းကျော်ဖြစ်ခဲ့တယ်ပေါ့..

Park Family 💓Where stories live. Discover now