"Andwe....!!!!"
မနက်စောစောစီးစီးကြားလိုက်ရတဲ့သတင်းက ကျွန်တော့်ခေါင်းကို မိုးကြိုးဆယ်စင်း ပစ်ချသွားသလိုပါပဲ... မယုံကြည်နိုင်ခြင်းများစွာနဲ့ Papa နဲ့ Mama ကို ကြည့်မိပေမယ့် သူတို့မျက်နှာက ဒီကိစ္စကအမှန်ဆိုတာ တွေးစရာမလိုအောင် ပကတိတည်ငြိမ်နေလေတယ်...
"မဟုတ်သေးဘူးလေ Papa ရယ်... ကျွန်တော့်အသက်က အခုမှ၁၈နှစ်ပြည့်ကာစလေ... ဘယ်လိုလုပ်ပြီးလက်ထပ်ရမှာလဲ...?? ပြီးတော့ ယူရမယ့်သူကလဲ..."
"လျှာမရှည်နဲ့ Luhan... မင်း Sehun ကို ယူကိုယူရမယ်"
အားပါးပါး... အဲ့နာမည်ကြီးကိုကြားတာနဲ့တင် ခေါင်းကျိန်းတယ်... ဘယ်နှယ့်ကြောင့်သူနဲ့မှလဲ...?? တခြားသူဆိုရင်က အဲ့လောက်မဖြစ်ဘူး... သူဖြစ်နေတာကိုက ကျွန်တော့်အတွက် ဂြိုလ်ဆိုးဝင်တာပဲ...
"သူကလက်ခံဦးမှကိုး Papa ရယ်... တော်ကြာ ကျွန်တော်တို့ဘက်ကပဲ အရမ်းကြီးလက်ထပ်ချင်နေသလို ဖြစ်နေမှာပေါ့..."
သူ့အကြောင်းကိုသိနေတဲ့ကျွန်တော် နောက်တခါအထွန့်တက်လိုက်တယ်... သို့သော်ပြန်ရလိုက်တာက Mama ရဲ့ မျက်စောင်းနဲ့ ပြင်းထန်တဲ့အမိန့်ဆန်ဆန် စကားတခွန်းသာ....
"Sehun က ဒီလောက်လိမ္မာတာ... သူ့မိဘစကားဆို ဘယ်တော့မှပယ်ရှားတာမဟုတ်ဘူး... မင်းလဲငြင်းဖို့မကြိုးစားနဲ့ ဒါပဲ"
ကျွန်တော်ဘာမှဆက်ပြောလို့မရအောင် Papa နဲ့ Mama က ရှေ့ကနေ ပိတ်ထားလိုက်လေပြီ... ဆိုးရွားလိုက်တဲ့ဘဝ... ပြီးတော့သူနဲ့မှ အယှဉ်ခံလိုက်ရတာ ဘယ်လောက်တောင်ကံဆိုးလိုက်လဲ...?? သူဆိုတာကျွန်တော့်ရဲ့ အမုန်းဆုံးပြိုင်ဘက်လေ...
သူ့နာမည်အပြည့်အစုံက Oh Sehun...
သူ့ကိုကျွန်တော်စတွေ့တော့ ကျွန်တော်တို့အသက် ၇နှစ်အရွယ်လောက်မှာပေါ့... Papa က ကိုရီးယားမှာအခြေချဖို့ ဖြစ်လာလေတော့ သူ့ရဲ့ကျောင်းနေဖက် သူငယ်ချင်းဖြစ်တဲ့ Mr. Oh နဲ့ အိမ်ချင်းကပ်ရက်ကို ဝယ်ခဲ့တယ်လေ... အဲဒီမှာသူနဲ့ကျွန်တော် စတွေ့တော့တာပါပဲ...စတွေ့ကတည်းက ဘယ်ဘဝရေစက်လဲမသိ ကျွန်တော်တို့၂ယောက် တစက်မှမတည့်ခဲ့ပါ... ကလေးဘဝတည်း တလောကလုံးသူ့လုပ်စာ ထိုင်စားနေရသလို မျက်နှာဘေးနဲ့သူ့ကို ကျွန်တော်ကြည့်မရသလို သူကလဲကျွန်တော့်ကို ကြည့်ရပုံမပေါ်... လူကြီးတွေက ကျွန်တော်တို့ကို အတူတူကစားစေပြီး သိပ်မကြာခင်မှာပင် ကျွန်တော်တို့၂ယောက် ထသတ်ကြတော့တာပါပဲ...