~~~မှောင်မိုက်သော ညတစ်ည~~~
Written by BF_YM_MN
နှင်းတွေထူထပ်ပြီး ဖိန့်ဖိန့်တုန်အောင် ချမ်းတဲ့ ညတစ်ညမှာ ကောင်လေးသုံးယောက်ဟာ အချမ်းဒဏ်ကိုတောင် မခံစားမိတော့ပဲ ကြောက်စိတ်နဲ့ ချွေးသီးချွေးပေါက်တွေ ကျလျက်ရှိတယ်။ ဘေးဘီဝေ့ကြည့်တော့လည်း လူနဲ့တူတာဘာမှမရှိ။ ယုတ်စွအဆုံး ပုရွတ်ဆိတ်တစ်ကောင်တောင် မရှိ။ တိတ်ဆိတ်လျှက်.........သူတို့ရပ်နေတဲ့ နေရာကတော့ သရဲခြောက်ပါတယ်လို့ နာမည်ကြီးတဲ့ အိမ်ပျက်ကြီးတစ်အိမ်ရှေ့မှာ။
သုံးယောက်လုံးရဲ့ လက်ထဲမှာလည်း ဆော့ပင်တစ်ချောင်းနှင့် ဖယောင်းတိုင်တစ်တိုင်ကလွဲ ဘာမှပါမလာ။ ဖုန်း,ဓာတ်မီး စတာတွေကိုလည်း မယူလာခဲ့။ သူတို့ဒီကို ရောက်နေရတဲ့ အကြောင်းကလည်း တော်တော်အူကြောင်ကြောင်နိုင်လှသည်။
ဒီအိမ်ကြီးရဲ့ အပေါ်ဆုံးထပ်က လူတစ်ရပ်စာလောက် ရှိတဲ့မှန်ကြီးပေါ်မှာ ကိုယ်ဖြစ်ချင်သော ဆန္ဒများကို သွားရေးပါက နှစ်ပတ်အတွင်း ဖြစ်မြောက်လာသည်ဟူသော ပြောစကားများကြောင့် တကယ်ဟုတ်မဟုတ် လာစမ်းသပ်ခြင်းသာ ဖြစ်သည်။
တကယ်တော့ သူတို့သုံးယောက်မှာ ထိုစကားကို လုံးဝအယုံအကြည်မရှိပါ။ သရဲတစ်ကောင်က လူတွေရဲ့ဆန္ဒကို ဖြည့်ပေးနိုင်သည်ဆိုတာ ဘယ်လိုပင်တွေးတွေး ဖြစ်နိုင်စရာမရှိ။ သို့သော် သူတို့အလည်လာသည့် "အူဆာ"ဆိုသည့် ရွာလေးမှာ ဒီအဆိုကို အကြွင်းမဲ့ ယုံကြည်ကြသည်။ ၄၀%နှုန်းသော ရွာသားများမှာလည်း လက်တွေ့စမ်းပြီးကြပြီ လို့ပြောကြသည်။
အလည်လာသော ကျွန်တော်တို့ကို ရွာသားများက ထိုအိမ်ကြီးသို့သွားကြည့်ရန် အခါခါတိုက်တွန်းသည်။ မသွားမချင်းပြောနေသည်မှာ သံသယဖြစ်ဖွယ်ကောင်းသော်လည်း ကျွန်တော်တို့မှာ ဦးနှောက်မရှိ ထိုသူများကို ယုံစားပြီး ဒီကိုရောက်လာခဲ့သည်။ ဒီတိုင်းလူချည်းသွားမှ ဆန္ဒပြည့်သည်ဟူသော သူတို့ပြောစကားအရ ဖယောင်းတိုင်နှင့် ဆော့ပင်မှလွဲ ဘာမှမယူခဲ့ချေ။
ကျွန်တော်တို့အဖွဲ့မှာ သတ္တိအကောင်းဆုံးဖြစ်တဲ့ Jungkook က သူအရင်စမ်းကြည့်မယ် ဆိုပြီး ဖယောင်းတိုင်တစ်တိုင်ရဲ့ အလင်းကိုသာ အားပြုကာ ထိုအိမ်ပျက်ကြီးထဲသို့ ဝင်သွားသည်။
YOU ARE READING
မှောင်မိုက်သော ညတစ်ည
HorrorBTS horror fiction world မှာဝင်ပြိုင်မယ်ဆိုပြီး ရေးဖြစ်သွားတာလေးပါ။ ရေးနေကျပုံစံနဲ့ မတူအောင်ကြိုးစားရေးထားပါတယ်။ horror ficမို့လို့ ညရောက်မှဖတ်ကြနော်။ ကြောက်စရာမကောင်းခဲ့ရင်လည်း တောင်းပန်ပါတယ် 🙏