Ch.44 : Hello , President Lu ( Part.1 )

16.1K 1.3K 61
                                    

Tang Feng ရဲ့ ပထမဆုံးနေ့ လုပ်ငန်းခွင်ဟာ အဆင်ပြေ ချောမွေ့စွာပဲ ပြီးဆုံးသွားခဲ့တယ် ။ သူ့ရဲ့ ရိုက်ကွင်းဟာလည်း တစ်ခါရိုက်တာနဲ့ တန်းပြီး အဆင်ပြေသွားတယ် ။ နောက်ပြီး Tang Tian Tian လို့ ခေါ်တဲ့ ခေါင်းဆောင်မင်းသမီးနဲ့လည်း ရင်းနှီးသိကျွမ်းခွင့် ရခဲ့ပြန်သေးတယ် ။ သူမဟာ ချောမောလှပပြီးတော့ ပွင့်ပွင့်လင်းလင်း နေထိုင်တက်တဲ့ သူမျိုးပဲ ။ နိုင်ငံရပ်ခြားထိ ပညာသင်ကြားခဲ့တဲ့သူဆိုတော့ ဘဝအတွေ့အကြုံလည်း ထိုက်သင့်သလောက်ရှိနေတယ် ။ Tang Feng လို ဥာဏ်နီဥာဏ်နက်များတဲ့ မြေးခွေးအိုကြီးနဲ့တောင် အဆင်ပြေအောင် ပေါင်းသင်းတက်တယ်လေ ။ သူမရဲ့ ပါးစပ်ကနေ ပြောလိုက်သမျှ စကားတွေက " Tang ကိုကို...ဟိုဟာကလေ ....။ " " Tang ကိုကို...ဒီဟာကလေ ....။ " ဆိုပြီး တောက်လျှောက်ပြောနေတာ ၊ ကြာလာတော့ ရိုက်ကွင်းက ဝန်ထမ်းတွေက သူတို့နှစ်ယောက်ကို ဝိုင်းစလာကြတော့တယ်လေ ။

ဒီနေ့နေ့လည်အတွက် တခြားလုပ်စရာ အချိန်ဇယား ဘာမှမရှိတာမို့လို့ Tang Feng ဟာ ဝတ်ဆင်ထားတဲ့ သရုပ်ဆောင်ဝတ်စုံနဲ့ပဲ နံဘေးကနေ တခြားသရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မူကို  လေ့လာကြည့်ရူနေလေတယ် ။ တစ်ခါတစ်ရံမှာလေး ဘေးနားမှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ စကားစမြည် ပြောဆိုတယ် ။ ရိုးသား ကြိုးစား ပြောဆိုဆက်ဆံရလွယ်ကူတဲ့ လူမျိုးကို ဘယ်သူမဆို ရင်းနှီးကျွမ်းဝင်ချင်ကြတယ် ဆိုသော်ငြားလည်း တချို့တချို့သော သရုပ်ဆောင်တွေကတော့ Tang Feng ကို အဖက်မလုပ်ချင်ကြဘူး ။

အနက်ရောင် သတ္တုကိုယ်ထည်နဲ့ Aston Martin ဟာ ရုပ်ရှင်ရိုက်ကွင်း တည်ထားရာ နေရာကို တဖြည်းဖြည်းချည်း လှိမ့်ဝင်လာလေတယ် ။ ဒီဇိုင်းခပ်မိုက်မိုက်နဲ့ ပြိုင်ကားတစ်စီး ဝင်လာတာ မြင်လိုက်ရပေမယ့် Tang Feng သိပ်ပြီး အာရုံမထားလိုက်ဘူး ။ နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ နေပူဆာလုံကာ ဝန်ထမ်းတွေနဲ့ စကားလက်ဆုံကျနေတော့ ခေါင်းထဲမှာ ခုနက ဝင်လာတဲ့ ကားကိစ္စကို မေ့သွားတော့တယ် ။ သိုပေမယ့်လည်း Xiao Yu ဟာ ခပ်သွက်သွက်ပဲ Tang Feng ကို ကားပိုင်ရှင်အကြောင်းကို သတင်းလာပေးတယ် ။

" Tang Feng ရေ ။ ခုနက ဝင်လာတာ President Lu ရဲ့ကား ! "

Xiao Yu ဟာ ပြောပြောဆိုဆိုနဲ့ပဲ ဝန်ထမ်းတွေနဲ့ ထိုင်စကားပြောနေတဲ့ Tang Feng ကို ထိုင်ခုံကနေ ထလာအောင် အတင်းဆွဲခေါ်သွားတယ် ။

True Star (Myanmar Translation )Where stories live. Discover now