Taeyeon's Pov:
ဒီနေ့က ငါကျောင်းစတက်ရမယ့်နေ့ပါ ... သူများတွေက Uni 1st Day မို့လို့ စိတ်လှုပ်ရှားနေကြပေမယ့် နဂိုတည်းက မထုံတတ်တေးနဲ့ နေတတ်တဲ့သူမို့လို့လားမသိဘူး
.. ငါ့အတွက်ကတော့ သာမန်နေ့တစ်နေ့ပါပဲ။ဒီလိုနဲ့ပဲ အတန်းထဲရောက်တော့လည်း ငါ့အကျင့်အတိုင်း ဘယ်သူ့ကိုမှ လိုက်မိတ်မဖွဲ့ဘဲ အတန်းနောက်နားက ထောင့်လေးမှာ သီချင်းနားထောင်နေလိုက်တယ် ... ငါ လူတွေနဲ့ သိပ်မဆက်ဆံတတ်ဘူး ... ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာလည်း မသိဘူး ... ငယ်ငယ်တည်းက ငါသိတဲ့ တစ်ခုတည်းသောအရာက စာပဲ ... ဒါကြောင့်လည်း Korea မှာ အမှတ်အမြင့်ဆုံး Seoul Uni ကို တက်ခွင့်ရတာပေါ့ ... ဒါပေမယ့် တခြားသူတွေကတော့ စာတော်တာချင်းတူတူ သူတို့က လူမှုဆက်ဆံရေးကောင်းကြတယ် ... ကြည့်ပါလား ခဏလေးနဲ့ သူငယ်ချင်းတွေ ဖြစ်ကုန်ကြပြီလေ ... ငါကတော့ Uni မှာလည်း State ကျောင်းတုန်းကလိုပဲ တစ်ကိုယ်တော် ရွက်လွှင့်ရဦးမယ် ထင်ပါရဲ့ ....
ခဏနေတော့ ဆရာရောက်လာတယ် ... ဆရာ့ကြည့်ရတာတော့ အသင်အပြကောင်းမယ့်ပုံပါပဲ ...
Sam: ကဲ အားလုံးပဲ မင်္ဂလာပါ ဆရာ့နာမည်ကတော့ Lee Soo Man Sam ပါ 😊
All: Annyeonghaseyo Sam 😊
Sam: ဒါနဲ့ မင်းတို့ EC ရော ရွေးပြီးကြပြီလား
All: Nae
အယ် ~ ဒီခဏလေးအတွင်းမှာ သူတို့က EC တောင် ရွေးပြီးပြီတဲ့ အံ့ရော 😮 အေးလေ ဒီလိုမှ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်မနေရင်လည်း ငါဘယ်ဟုတ်ပါတော့မလဲ ... မထူးဆန်းပါဘူးလေ
ဒီလိုနဲ့ EC ဆိုတဲ့ အရပ်မြင့်မြင့်နဲ့ကောင်လေးက သူ့ကိုယ်သူမိတ်ဆက်တယ် Choi Sooyoung ဆိုပဲ ... ကိုယ်တော်က အရပ်တင်မဟုတ် လျှာပါရှည်သေး 😑 ... သူ့နာမည် မိတ်ဆက်ရုံတင်မဟုတ် တစ်တန်းလုံးကလူတွေကို တစ်ယောက်ချင်းစီ ထမိတ်ဆက်ခိုင်းတယ်လေ ... လူရှေ့ထွက်ရမှာ ကြောက်ပါတယ်ဆိုမှ 😖 ... အတန်းရှေ့တော့ မထွက်ရဘူး ကိုယ့်နေရာမှာပဲ မတ်တပ်ရပ်ပြောရတာ ဆိုပေမယ့် အားလုံးက ဝိုင်းကြည့်နေမှာလေ ဟူး ဒုက္ခပါပဲ 😓 ... မတတ်နိုင်ဘူးလေ ပြောရမှာပဲပေါ့
YOU ARE READING
Stupid Little Girl [Completed]
Romanceပထမဆုံး Fanart photo များဖြင့် ပုံဖော်ထားသော TaeNy one shot fic လေး ဖြစ်ပါတယ် 😊 အားပေးကြပါဦး 😁