Part 1

6.7K 175 0
                                    

Bitter love
မှန်တွေ အပြင်ဘက်က တစ်ဆင့် လှမ်းမြင်နေရတဲ့ ပစ္စည်း ဆန်းဆန်းတွေက  မိန်းကလေး အကြိုက်တွေချည်းပဲ..
Ro ဆန်ဆန်ဖွင့်ထားတဲ့ ဆိုင်နာမည်ကိုက  dame (ဒမ်)
တစ်ဖက်လမ်းမှာ လမ်းကူးဖို့စောင့်ရင်း မျက်နှာချင်းဆိုင် ဆိုင် အတွင်းပိုင်း ပုံစံကို ပုံဖော်နေမိသည်..။
အ၀င်အ၀ တံခါး ဖွင့်ဖွင့်ချင်း ဘေးဖက်မှာ နှင်းဆီပင်ပုလေး ကို အိုးကြီးကြီးနဲ့ ထည့်ထားလိမ့်မယ်..
အပင်ပုပုလေးပေမယ့် အပွင့်ပေါင်းများစွာ ပွင့်နေလိမ့်မယ်..။
နှင်းဆီပင်ပြီးရင်တောံ့ ဖန်နဲ့ လုပ်ထားတဲ့စင်က အလယ်ကျောမှာ နေရာယူထားတယ်..။
စင်ပေါ်တန်းမှာ cactus (ရှားစောင်း) ပင်ရောင်စုံကို ဖန်စီဆန်ဆန် အိုးသေးသေးလှလှတွေနဲ့ ထည့်ပြီး
စင်အလည်မှာတော့ နှင်းဆီမျိုးစိပ်ပေါင်းစုံကို အပင်သေးသေး အပွင့်နုပ်နုပ် တွေနဲ့ တွေ့ရအုံးမယ်..
ဈေးတော့မေးစရာမလိုဘူး တခါတည်း ကပ်ထားတာ သုံးသောင်းကျော်အထိ..။
စင်အောက်တန်းမှာ အပင်အတွက်လိုအပ်တဲ့ ပစ္စည်းအစုံအလင်ကို မျက်စိမှာ ပေါ်အောင် စီထားတာ
တခါတလေဆို ၀ယ်သူတွေက မေ့နေတာ တွေ့တော့မှ ၀ယ်ဖို့ သတိရတယ်တဲ့လေ..။
ဆိုင်ရဲ့ အ၀င်ညာဘက်မှာ ကောင်တာခုံနဲ့ နည်းနည်းခြားပြီး ကော်ဖီဖျော်စက် တင်ထားတဲုံ့ခုံတစ်ခုရှေ့မှာ ထိုင်ခုံလေး၎လုံး စီချထားတာ ဘားပုံစံမျိုးလေးံ သူ့ဘေးမှာတော့ အပ်ါတက်မယ့်လှေကားအဖြူလေး..
ကော်ဖီဘားရဲ့ နောက်မှာ နောက်ခံ ထားတဲ့ စာလုံးပန်းချီ ကားချပ်ကြီးတစ်ခု အဖြူခံ ပေါ်မှာ အစိမ်းရောင်နဲ့ ရေးထားတဲ့ စာလုံးက Bitter Best ဆိုပဲ..။
ဆိုင်ရဲ့ ဘယ်ဘက်ခြမ်း နံရံကပ်စင်ပေါ်မှာတော့ စိတ်ကူးယဉ် ဆန်ဆန်လိုလို မှော်ဆန်ဆန်လို မိန်းကလေးတွေရူးသွပ်တဲ့ လက်ဆောင်ပစ္စည်းအမျိုးမျိုး အစီအ၇ီ တင်ထားတယ်
ဖန်လုံးလေးမှာ သစ်ပင်လေးတွေ   ဘွန်ဆိုင်း ပင်လေးတွေ ပန်းသရဖူ  တို့ အပင်နဲ့ပတ်သပ်တာကိုချည်း အမျိုးမျိုး အဆန်းဆန်း လုပ်ထားတာ အမျိုးပေါင်းများစွာ..သစ်ကိုင်းခြောက်ကို ဖန်အိမ်ထဲ ထည့်ထားတာတောင် ပါလိုက်သေးသည်..။
Lanvendar လို ၇ှားတဲ့ ပန်းမျိုးထိလွယ်လွယ်ရနိုင်တော့ ဒီဆိုင်ကို မိန်းကလေးတွေ မျက်စိကျရုံမက မလွန်ဆန်နိုင်သော ယောင်္ကျားထုကြီးကပါ မ၀င်ချင်ဝင်ချင်ဝင်ပြီး မ၀ယ်ချင် ၀ယ်ချင် ပန်းစည်းတို့ ပန်းအိုးတို့ ၀ယ်နေရတာလည်း ကျိန်စာလား roတာလားတော့ မသေချာဘူးလေ..

Bitter Love (Complete)Where stories live. Discover now