ဆန်းသစ်လှပသော ဖက်ရှင်ဒီဇိုင်းများနှင့် စမတ်ကျသော မော်ဒယ်များက မီးရောင်များ အောက်ဝယ် တဖြတ်ဖြတ် လင်းလက်တောက်ပလျှက်ရှိသည် ။
"Xiao Lu စင်ပေါ် တက်လိုက်တော့ "
Program အရ Main Concept Model ဖြစ်သော Xiao Lu လျောက်အပြီးတွင် Deaigner အား ပန်းစည်းပေးကာ လက်ဆွဲခေါ်ပြီး ပရိတ်သတ်ကို ဂါရဝ ပြုရမည်ဖြစ်သည် ။"အခုဧည့်သည်တော် အပေါင်းတွေ့မြင်ရမှာက Main Concept Design ဖြစ်ပါတယ် ။ အခုပြသမည့် Design concept များကို အိုင်ဒီယာထွင်ခဲ့သော မူရင်း Designer တစ်ယောက်ရှိခဲ့ပြီး ထိုဒီဇိုင်းများကို အချောသတ်ပြီး Deaigner BOA က အသက်သွင်းထားခြင်းဖြစ်ပါသည် ။ အခု Main Design ကို မူရင်း ဒီဇိုင်းနာ ကိုယ်တိုင် ဝတ်ဆင်ပြသသွားမှာ ဖြစ်ပါတယ် " program ထဲတွင် မပါရှိသော MC ရဲ့ ကြေငြာမှု အပြီးမှာ အားလုံး အံ့ဩသင့် အာမေဋိတ်သံများဖြင့် မီဒီယာသမားများကလဲ သတင်းယူရန် အသဲသန် နေရာယူလိုက်ကြသည် ။
တိုးတိတ်ညိမ့်ညောင်းသော တီးလုံးရဲ့ နောက်ကွယ်မှ ပျံ့လွင့်လာသော မီးခိုးများကြားဝယ် နတ်သတ်ကြွေ နတ်သားလေးတစ်ပါး လမ်းလျောက်လာခဲ့သည် ။ရွမ်းလဲ့တောက်ပကာ ဝိုင်းစက်နေသော သမင်မျက်လုံးလေးနဲ့ ချယ်ရီရောင် နှုတ်ခမ်းပါးလေးက ကြည့်ရှူနေသော ပရိတ်သတ်အပေါင်းအား ဆွံအသွားစေသည်အထိ မိန်းမောသွားစေခဲ့သည် ။ သမင်လေးရဲ့ မျက်လုံးလေးတွေကတော့ VVIP 1st rool မှာ ထိုင်နေသော Oh Sehun ဆီကလွဲလို့ပေါ့..........
Lu ~Lu ကျတော့်ရဲ့ ကလေးလေး Xiao Lu
ကလေးလေးက စင်ပေါ်မှာ လင်းလက်တောက်ပလွန်းနေတယ် ။ လူတိုင်းက ကလေးရဲ့ မျက်နှာလေးကို မိန်းမောနေကြတာ Hall ခန်းကြီး တစ်ခုလုံ တိတ်ဆိပ်နေတယ် ။ အားလုံး သတိဝင်လာတော့ ကင်မရာ flash မီးရောင်ပေါင်းစုံက ကလေးအပေါ် ကျရောက်လာတယ် ။ ကလေးက ကျွန်တော့်ကို ကြည့်နေခဲ့တယ် ။ ရိုးသားတဲ့ သူ့ မျက်လုံးတွေက ကျတော် ဖတ်လို့ မရအောင် ရှုတ်ထွေးမှုတွေနဲ့ပေါ့ ။ ကလေး ဘာတွေ မကျေနပ်တာလဲ ။ သူအတူသွားချင်တာ ဒီပွဲလား ။ ကျတော့ရဲ့ ဘေးက ပါတနာကို ပါ ကြည့်နေသော သူလေးရဲ့ မျက်လုံးတွေက ဖျော့တော့လို့နေပါသည်။ မဟုတ်ဘူး ကလေး....ကိုယ်ရှင်းပြမယ်
ကျတော် suli ကို သတိမရနိုင်အောင်ပဲ ကလေးဆင်းသွားတဲ့ Back stage ကို ပြေးလိုက်သွားမိသည် ။
Back stage လှေကားပေါ်ကနေ လေးလံစွာဆင်းလာသော ကလေးက များစွာသော မီဒီယာများကြားထဲ တိုးဝင်ကာ လှေကားထိပ်တွင် စောင့်နေသော ကျတော့ကို ဖျော့တော့သော မျက်လုံးလေးနဲ့ အံဩစွာနဲ့ ငေးကြည့်ရင်း ကျတော့်ရင်ခွင်ထဲကို ပြိုဆင်းလို့ လာခဲ့ပါတယ် ။ကိုယ်တွေပူခြစ်ကာ အသိစိတ်ပျောက်နေသော ကလေးကို အော်ခေါ်ရင်း ......
VOUS LISEZ
But I still loving you(Complete)
Roman d'amourHun - မင်းပျော်ဖို့ဆိုရင် ဘယ်လိုကိစ္စမျိုးမဆို ရင်နဲ့ရင်းပြီး ဖြည့်ဆည်းသွားမှာပါ ။ ကိုယ့်ရင်ကို ခွဲသွားမယ်ဆိုရင်လဲ But I still loving you Han -အရမ်းပြည့်စုံအောင် မချစ်ပြပါနဲ့လား တစ်နေ့ကြရင် ရုံးမထွက်နိုင်မှာ စိုးလို့ပါ-But wanna stay beside you