နေဝင်သွားတဲ့ ...အခါ

1.1K 134 31
                                    

" နေဝင်သွား တဲ့ ......အခါ "

"မနက်ကျရင် ကျွန်တော် ဒီအိမ်က ထွက်သွားတော့မယ် ကိုစစ် "

နောက်ကျောမှလာသောအသံကြောင့် ထမင်းစားနေရင်းက စစ်မင်း လှည့်ကြည့်လိုက်သည် ။ ထမင်းစားခန်းရဲ့ တံခါးကို လက်ညိုးဖြင့် ခြစ်ဟန်ပြုရင်း သူလှည့်ကြည့်တာကို မသိယောင်ဆောင်နေသော မြတ်ဖုန်း ကို ကြည့်ရင်း သူတိတ်ဆိတ်စွာ ထမင်းတလုပ်ကိုပါးစပ်ထဲထည့်လိုက်သည် ။ သူသိပ်ကြိုက်သော ငါးရံ့အူဟင်းသည် ဆိုးရွားစွာ အရသာ မဲ့လွန်းလှသည် ။ထွက်သွားတော့မယ်ဆိုတာကိုရော လမ်းခွဲကြဖို့ကိုပါ မနေ့ညကပြောခဲ့ပေမယ့် ဒီလောက်မြန်ဆန်စွာဖြစ်လာလိမ့်မည်လို့တော့ သူမထင်ခဲ့ရိုးအမှန် ။သူ့စိတ်ထဲ မြတ်ဖုန်းစိတ်ခုစရာတစ်ခုခုကြောင့်ပြောသည်ဟုသာထင်ခဲ့သည် ။ဒါပေမယ့် အခုတော့ ဒီကိစ္စသည် တကယ့်ကိုဖြစ်လာခဲ့သည်ကိုး ။သူထမင်းလုပ်ကိုဖိကာဝါးရင်း မျက်ဝန်းမှမျက်ရည်တို့က ပါးပြင်မှတစ်ဆင့်ထမင်းပန်းကန်ထဲသို့ တတုတ်တုတ်ပြုတ်ကျသွားသဖြင့် ခေါင်းကိုထမင်းပန်းကန်နှင့်ထိလုမတတ် ငုံ့ကာထားရင်း ကြိတ်ငိုမိလေသည် ။တဖြေးဖြေးဝေးကွာသွားသော ခြေသံနှင့်အတူ သူတန်ဖိုးထားတည်ထောင်ထားသော ချစ်မေတ္တာတို့နှင့်မျှော်လင့်ချက်တို့က တအိအိမြေသို့ ပြိုကျပျက်စီးလေတော့သည် ။

"နင် ရက်စက်လိုက်တာ မြတ်ဖုန်းရယ် "

❤️❤️❤️❤️❤️

မြတ်ဖုန်းရဲ့အခန်းရှေ့မှာရပ်ရင်း သူဝင်သင့်မဝင်သင့် ချီတုံချတုံ ဖြစ်နေသည်မှာကြာပြီ ။အခုထက်ထိအပြင်လည်းမထွက်လာသေး ။ ညစာစားဖို့အချိန်ကလည်းအတော်လင့်နေပြီဖြစ်သည့်အတွက် သူစိတ်ပူမိသည် ။ဟိုးတလောတည်းက မြတ်ဖုန်းဗိုက်က မကြာခဏအောင့်နေသည်မဟုတ်လား ။ဆရာဝန်သွားပြဖို့တိုက်တွန်းပေမယ့်ခေါင်းမာစွာဖြင့် မသွား တာမို့ သူလည်းမပြောသာ ။အခုလည်းမြတ်ဖုန်း ခေါင်းတွေမူးမူးနေတတ်သည်ဆိုလို့ ကွန်ပြူတာအကြည့်များသူ သူ့အတွက် အာရုံကြောအားဆေးလေးဝယ်လာတာတောင်မပြောရသေး ။နောက်ဆုံးသူမနေနိုင်စွာ
အခန်းတံခါးကိုဖွင့်လိုက်တော့ လက်ဆွဲသေတ္တာအကြီးစားထဲသို့ အဝတ်တွေထည့်နေသော မြတ်ဖုန်းက သူ့ကိုတစ်ချက်ကြည့်ရင်းဟန်မပျက် အဝတ်တွေကို ဆက်ထည့်နေသည်။ စစ်မင်းက မြတ်ဖုန်းရဲ့ ကုတင်စွန်းမှာထိုင်ပြီး ခပ်တိုးတိုး အသံဖြင့်

You've reached the end of published parts.

⏰ Last updated: Jan 19, 2018 ⏰

Add this story to your Library to get notified about new parts!

နေဝင်သွားတဲ့ အခါWhere stories live. Discover now