⭐️ ကျေးဇူးတင်လွှာ ⭐️

132 14 2
                                    

ဒါလေးတင်ဖို့နောက်ကျသွားလို့ အရင်ဆုံးတောင်းပန်ပါတယ်
နော် ... ။
ဒီဟာလေးကို စရေးဖို့စဉ်းစားဖြစ်တာက အဓိကကတော့
ExoL ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို
ကိုယ့်ကိုယ်ကိုယ်ထက် Exo ကိုပိုချစ် ၊ ပိုအလေးထားပြီး
ကာကွယ်ပေးချင်ကြတယ်ဆိုတာလေးကို ပေါ်လွင်စေ
ချင်တာပါ ။
ကိုယ့်ကိုမသိနိုင်ရင်တောင်မှ ကိုယ့်အချစ်တွေကတော့
Limit မရှိဘဲ ဖြစ်တည်နေတယ်ဆိုတာ ဒီ fic လေးကနေ
တဆင့်ဖော်ပြလိုက်တာပါ ။
ကိုယ်တွေလို လွမ်းတိုင်းပြေးတွေ့လို့လည်းမရ ..
တခြားတွေ့ဖို့အခွင့်အလမ်းတွေလည်းသိပ်မရှိတဲ့
( လုံးဝမရှိတာလည်းဖြစ်နိုင်တဲ့ ) Myanmar L တွေအတွက်
လည်း ဒီ fic လေးကနေ ကိုယ်ချစ်ရတဲ့ ကလေးတွေနဲ့
ဆုံစည်းနိုင်မယ်လို့မျှော်လင့်ပါတယ် ။ ❤️
ဒါကြောင့် ဒီကောင်လေးကိုရေးရတဲ့အဓိကရည်ရွယ်ချက်
က ကိုယ်တွေ L တွေရဲ့အချစ်က သူများတွေလို
အချစ်မျိုးထက်ပိုဖြူစင်ပြီး ပေးဆပ်ခြင်းသက်သက်ပဲဖြစ်တယ်
ဆိုတာလေးပါပဲ ။
ဒါ author ရဲ့ပထမဆုံး အပြီးသတ်သွားတဲ့ fic လေးပါ ။
အတွေ့အကြုံမရှိဘဲ ပထမဆုံးရေးတာလေးကို
ဖတ်ပေးလို့ အရမ်း ( အရမ်း ) ကိုကျေးဇူးတင်ပါတယ် ..
ချစ်ပါတယ် ... ❤️

⭐️ A star of mine ⭐️ ( Completed )Donde viven las historias. Descúbrelo ahora