Jan5 2018 @Parisမြို့ လေဆိပ်တနေရာ
All blackဝတ်ဆင်ထားကာ မျက်နှာတဝက်ကို နေကာမျက်မှန်နဲ့ဖုံးကွယ်ထားတဲ့လူရွယ်တဦးက ကုတ်အင်္ကျီအိတ်အတွင်း လက်ထည့်ရင်း ဖြည်းဖြည်းမှန်မှန် လျှောက်လာလေသည်။ သူကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ မင်းသားငယ် Park JinYoung.
ထိုနန်းလျာမင်းသားငယ်အား လုပ်ကြံမည့်သတင်းကြိုတင်ရရှိထားသည့်အတွက် သတ်မှတ်ထားသည့်နေ့ရက်ထက် ၂ရက်စောကာ သက်တော်စောင့်များမပါဝင်ဘဲ Parisမြို့သို့ တဦးတည်းကြိုတင်ခြေချခဲ့ခြင်းဖြစ်သည်။
လေဆိပ်ထဲတွင် ဆူညံနေသည့်မိန်းကလေးအများစုပါသော အုပ်စုကိုတွေ့လိုက်ရသည်။ တချို့က လက်ထဲတွင် Professional cameraများ ကိုင်ဆွဲလျက် တချို့က Posterများကိုင်ဆွဲကာ Jae Oppaဆိုလား မသဲကွဲသည့် မိခင်ကိုရီးယားစကားသံတချို့ကို အော်နေကြသည်။
ထိုအခိုက် hoodieအနက်ရောင်ကို ခေါင်းကိုဆောင်းလျက် maskအမည်းတပ်ထားတဲ့ လူတယောက်က သူ့လက်အားဆွဲကာ လေဆိပ်အပြင်သို့ ပြေးပါတော့သည်။ ရုတ်တရက်ဖြစ်သွားသည့်အခြေအနေကို မတုံ့ပြန်နိုင်ခင် ရန်သူလား ဘာလားမသဲကွဲ လုပ်ကြံသူဖြစ်နိုင်တယ်ဆိုတဲ့ အသိတခုနဲ့ သူစိတ်ကို အသင့်ပြင်ဆင်ထားလိုက်သည်။
လေဆိပ်နှင့်ခပ်လှမ်းလှမ်း လမ်းကြားတခုရောက်မှ
ထိုလူက သူ့လက်ကိုလွှတ်ပေးရင်း မျက်နှာထက်မှ maskပါချွတ်ကာ အပြုံးတပွင့်ဖြင့် စကားစလာလေသည်။
ထိုအခိုက် ထိုသူ၏မျက်ခွံထက်မှ မှဲ့လေး၂စက် ထိုသူ့အပြုံး ထိုသူ့မျက်ဝန်းတစုံမှလွဲ၍ ဘေးပတ်ဝန်းကျင်မှအရာရာကို Park JinYoungဟူသည့် မင်းသားငယ် မေ့လျော့သွားလေတော့သည်။ထိုအခိုက် သူ့မျက်မှန်ရှေ့ ဝှေ့ယမ်းလာတဲ့ လက်ဖဝါးတခု "အဆင်ပြေရဲ့လား။ ရုတ်တရက်ကြီး ကိုယ်ကလည်း မင်းကို ကိုယ့်လိုidolတယောက်ထင်မိလို့ ဆွဲပြေးလာမိတာ။ အားလပ်ရက်ခရီးမို့ manager hyungလည်း ပါမလာတာကို fanတွေ သတင်းအရမြန်ချက်ကတော့ မနည်းထွက်ပြေးရတယ်။ လန့်သွားသလား မသိဘူး။ ကိုယ် တောင်းပန်ပါတယ်နော်"