" ဒိုင်းညွန့် "" ဘူးညွှန့် "
" အရီးညွှန့် "
သေနတ်သံများအကြား ပြေးလွှားနေကြသော လူများ..
ဝရုန်းသုန်းကားနိုင်စွာ ပစ်ခတ်နေကြသူများ.....
ကားကနဲ ကားကနဲ ကျဆုံးသွားသော စစ်သားများ...
မီးခိုးတလူလူနဲ့ ရောင်စုံ မီးပွင့်တွေကြား တစ်ယောက်
နဲ့တစ်ယောက် မြင်တွေ့ဖို့ပင် ခဲယဉ်းလှသည်...." ဒိုင်းညွှန့်.....အရီးညွှန့်..."
" အား......."
ပုလုံးလုံးကောင်လေး တစ်ယောက် အော်သံနှင့်အတူ
လဲကျသွားလေသည်...." Hyung.....D.O. Hyung....."
D.O. နာမည်ကိုအော်ဟစ်ခေါ်ရင်း ပျံသန်းနေသော ကျည်ဆန်များကြား Kai အတင်းကာရော ဖြတ်ပြေး
နေလေသည်.....D.O ဆီ သူရောက်ရှိရန် လိုအပ်
နေသည်..ကျည်ဆန်လား သူ စိတ်မ၀င်စား.....
ဗုံးလား သူ ဂရုပင်မစိုက်အား........
" ၀ုန်း "
ပြေးနေသော Kai အနီးနားတွင် ပြင်းအားများသော
လက်ပစ်ဗုံးတစ်လုံးကျကွဲလေသည်...အူသွားသော နားကို လက်နှစ်ဖြင့်ပိတ်ကာ ခေါင်းကို ခါရမ်းလိုက်သည်....ပူကနဲဖြစ်သွားသော ညာဘက် မျက်နှာတခြမ်းကို ညာဘက်လက်နှင့်အုပ်ကိုင်ဖို့ ကြိုးစားလိုက်ပေမယ့်...ထူပူကာ ထုံကျင်နေသော လက်သည် မြောက်လို့မရတော့..
သေချာပါသည် သူ့ညာဘက်တခြမ်းလုံး ဗုံးဆန်များ ၀င်ရောက်နေရာယူထားလေပြီ....
ညာဘက် မျက်စိပေါ်ကနေ စီးကျလာသော ခပ်ပစ်ပစ်
အရည်တစ်ချို့ကြောင့် ရှေ့ကိုပင်သဲကွဲစွာ မမြင်ရ တော့ပေအို...ညာဘက်မမြင်ရရင် ဘယ်ဘက်နဲ့ ကြည့်မှာပေါ့
အလွယ်လေး...အရေးကြီးသည်က D.O နားကို Kai မြန်မြန်ဆန်ဆန်ရောက်သွားရန်ပင် ဖြစ်သည်..Hyung နာကျင်နေတော့မည်.....
ညာဘက်လက်မှ စီးကျနေသည့် သွေးတွေမှာ
တတောက်တောက်နှင့် မြင်မကောင်း.......ညာဘက်လက်က သေနတ်ကို ဘယ်ဘက်လက်သို့ ပြောင်းကိုင်ကာ ရှေ့မှာ ရှိနေသော ရန်သူနှစ်ယောက် ကို ပစ်ချလိုက်သည်...