#uni
•
( Wu Yifan's P.O.V )မနက်ခင်းအလင်းသဲ့သဲ့ဟာ
လောကတစ်ခွင်ကိုထိန်လင်းအောင်
မစွမ်းဆောင်နိုင်ပေမယ့်
တစ်ယောက်သောသူရဲ့အပြုံးတစ်ပွင့်ဟာ
သူ့ကမ္ဘာအားလှပစေသည်။တေးသံကျူးတဲ့ ကျေးငှက်များ
တေးသီနေသကဲ့သို့ အောက်ထပ်မှ
လွင့်ပျံလာတဲ့ အသံသာသာဟာလည်း
ချိုမြလွန်းပါ၏။"ဟော...သားကြီးတောင်နိုးပြီလား"
တွေ့လျှင်တွေ့ခြင်းအပြုံးနှင့်
နှုတ်ဆက်လာသည့် maကိုပြုံးပြရင်း
သူ့နှလုံးသားလေးရှိရာသို့
စောင့်ငဲ့ကြည့်တော့ အချစ်က
အလုပ်တွေရှုပ်လို့။"အမယ်လေးyifanရယ်
သူ့ညီအလုပ်လုပ်နေလို့
သေချာကြည့်နေလိုက်တာများ
ကျုပ်ခိုင်းတာမဟုတ်ရပါဘူး
သူ့ဟာသူလုပ်ချင်လှပါချည်ရဲ့လို့
ပြောပြီးဝင်လုပ်နေတာပါ"အကဲပိုကာ ချစ်တတ်လွန်းသည့်
Yifanအကြောင်းသိကာ
ခပ်နောက်နောက်ပြောဆိုလာသောစကား၏နောက် သူရော
သူ့နှလုံးသားလေးပါ
ရှက်ပြုံးပြုံးမိကြသည်။"မဟုတ်ပါဘူး maကလည်း
ဒီအတိုင်းကြည့်မိတာကို""အေးပါ...လာ...chanyeolလည်း
မနက်စာလာစားတော့""ဟုတ်"
အသံ၏အလျင်နှုင်းကဲ့သို့
လျင်မြန်စွာပင်သူ့နားရောက်ရှိလာသည့်
နှလုံးသားလေးဟာ ဒီမနက်မှာ
သိပ်ကိုအူမြူးနေပုံရပါ၏။"ဒီနေ့ သားညီလေး နယ်ဘက်မှာ
လုပ်အားပေးရှိတယ်တဲ့
Maတော့တစ်ယောက်တည်းလွှတ်ရမှာ
စိတ်မချပါဘူး..သားyifanလိုက်ပို့ပေးလိုက်
ညီအစ်ကိုနှစ်ယောက်ဆိုတော့ maလည်း
စိတ်အေးရတာပေါ့"ညီအစ်ကို ဟုတ်သည်။
သူတို့နှစ်ယောက်ဟာညီအစ်ကို။
အဖေတူပြီးတစ်ဝမ်းထဲမှမွေးဖွားလာသည့်
သွေးတော်သားစပ်ညီအစ်ကိုနှစ်ယောက်။အဖေတရုတ်၊ အမေကိုရီးယားဖြစ်ပြီး
မျှတအောင်ဟုဆိုကာ သားကြီးကို
အဖေ့မျိုးရိုးWu နှင့်သားငယ်ကို
အမေ့မျိုးရိုးparkဟုပေးထားကြသည်။
YOU ARE READING
OUR BEAUTIFUL (COMPLETED)
Short Storyလွပနက္နဲေသာ~~~ Only two shots. present for 'fan yeollie'