တစ်ခါတစ်ရံမှာ ထိုသောကြာသားဟာ သိပ်တော်တာပဲလို့ ထင်မိသည်။ သူမေးချင်တဲ့ မေးခွန်းအတွက် သူလိုချင်တဲ့ အဖြေက အဆင်သင့် တွေးထားပြီးသား ဖြစ်သလို ၊ အခြေအနေကို သေချာလဲ တွက်ထားပြီးမှသာ မေးခွန်းကို မေးတတ်လေသည်။
""အချိန်က စကားပြောသွားမှာပေါ့ ၊ အကယ်၍ မောင် အရွယ်ရောက်လာတဲ့ အချိန်မျိုး မှာ ဒီမေးခွန်းက ကိုယ်မေးရမယ့် မေးခွန်း မဖြစ်သွားရင် ကောင်းလိမ့်မယ် ...ကဲ အခုတော့ အိမ်ထဲ ဝင်တော့ မနက်ကျ သင်္ကြန်ရေမကစားဘူးလား ""
""ရှင်းကရော ...""
""အင်း..ရှင်း...နောက် အဲ့နာမည်ပဲ ခေါ်ပါ အကိုလေး ကိုလေးတွေ မခေါ်စမ်းနဲ့ ကိုယ် မကြိုက်ဘူး ၊ နောက် ဒီလိုတွေ ထပ်ခေါ်ရင် မောင် ဆိုတဲ့ နာမည်လဲ ကိုယ်ခေါ်မယ်လို့ မထင်နဲ့တော့ ""
သူ့မျက်ရည်တွေ မြင်တာပေါ့..လောကကြီးမှာ ကိုယ်မြတ်နိုးရသူက မျက်ရည်ဝိုင်းဖို့ မပြောနဲ့ သူ့နှလုံးအိမ်ကနေ ဆစ်ခနဲ နာကျင်မှုကိုတောင် ပေးခံစားချင်တဲ့သူ မရှိဘူး။ ဒါမယ့် အခြေအနေနဲ့အချိန်အခါတွေက ထင်သလို မဖြစ်တဲ့အခါ ကျွန်တော်တို့တွေ ကြိုးစင် ကြည့်ကရင်း ဖုံးကွယ်ကြရတာပါပဲ..အင်း ဟုတ်သည် ၊ အဲ့သည်လိုပဲ အဲ့သည် အတိုင်းပဲ သူ့အပေါ် ခံစားချက်တွေကို ကိုယ်တိုင် အတိအကျ သိတဲ့အခါကျရင် မြတ်နိုးရသူကို ဘယ်တော့မှ အဝေးမှာ မထားတော့ဘူး ။ ခုထက်ထိ ကျွန်တော် ကိုယ်တိုင် နှလုံးသားခံစားချက်တွေကို နားလည်ဖို့ ထိ အသက်အရွယ်ငယ်သေးသည်။ ကျွန်တော် ကိုယ်တိုင် ကိုယ်ကျ မပြောင်းလဲနိုင်ပဲ မောင့်ကို ချစ်နိုင်တာ သေချာသည်အထိ ကျွန်တော် အချိန်စောင့်ကြည့်ချင်သည်။ မောင့်ကို ဒဏ်ရာမရစေလိုပါ။
""ရှင်း ပြန်တော့လေ ..နောက်ကျနေပြီ..အခန်းထဲ လိုက်အုံးမလို့လား ..??""
""မောင်က စာအုပ်လိုက်ဖတ်ပြပေးစေချင်ရင် ကိုယ်လိုက်ခဲ့မယ် ""
""အင်း..အင်းလိုက်ခဲ့ပေး ..""
မောင် ကျွန်တော့်လက်ကောက်ဝတ်ကို ဆုပ်ကိုင်တဲ့အခါ ကျွန်တော် မောင့်ရဲ့ လက်ဖဝါးကို ဆုပ်ကိုင်ထားချင်မိသည်။ မောင်ရဲ့ လက်တွေဟာ အန်တီမြလိုပဲ သွယ်ပြီး လှလွန်းနေသည်။ ဖေဖေရော ကျွန်တော်ရော ဘာကြောင့်များ သူတို့သားအမိကို သံယောဇဉ်တွယ်မိတာလဲ ဘာကြောင့်များ မေမေရဲ့ ရန်သူအမျိုးသမီး ၏ သားဖြစ်သူကိုမှ ကျွန်တော် ချစ်ချင်ရတာပါလိမ့်...

YOU ARE READING
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
General Fictionဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...