For Emily

19 1 3
                                    

လွင့်ချင်ရာ လွင့်လို့ရလား Emily
မင်းက ကောင်းကင်ကြီးဆို ငါက တိမ်မျှင်လေး တစ်စပေါ့
မင်းရင်ခွင်ထဲမှာပဲ ငါလွှင့်မျောနေပါရစေ...

သောက်နေကျ ကော်ဖီခါးခါး တစ်ခွက်ကို သောက်ရင်း
ငါ စဉ်းစားမိတယ် Emily
မင်းဆိုတာ ငါ့အတွက် ကော်ဖီတစ်ခွက်လို ခါးသက်စေခဲ့သလားပေါ့
ကော်ဖီခါးခါး ကြိုက်တတ်တဲ့ ငါ့အတွက် မင်းဆိုတာ
စွဲလန်းတတ်စေတဲ့ အရာတစ်ခုပဲ Emily ...

မိုးတွေရွာတိုင်းလည်း ငါ မင်းကိုသတိရမိတယ် Emily
မင်းက မိုးရွာတာကို အရမ်းမုန်းတယ် မို့လား
မိုးရေထဲမှာ မင်းပြောခဲ့တဲ့
"ငါ နင့်ကို အမြဲတမ်း သတိရနေမှာပါ" ဆိုတဲ့ စကားနဲ့
နင်ထားခဲ့တဲ့ မိုးရေတွေကြားမှာ
ငါ မိုးရွာတာကို မုန်းတတ်နေပြီ Emily...

တိတ်ဆိတ်ခြင်းဆိုတာ
ဘယ်လောက်ထိ အဆင်ပြေမယ် ထင်လဲ Emily...
ငါ့အချစ်က မင်းရဲ့ တိတ်ဆိတ်ခြင်းတွေ ကြားမှာ
အေးအေးစက်စက်နဲ့ သေဆုံးခဲ့တာ ဘယ်သူသိမှာတဲ့လဲ

ရက်ရက်စက်စက် နဲ့ " ငါနင့်ကို မုန်းတယ်" လို့ပဲ
ပြောလိုက်ပါလား Emily
ဘာကြောင့် " အမြဲသတိရနေမှာပါ" ဆိုပြီး
ငါ့ဘဝ ကို သတ်သွားခဲ့ရတာတုန်း
ငါကတော့ မင်းပြန်လာမယ် ထင်နေတုန်း Emily...

ငါ့ရဲ့ ဒိုင်ယာရီလေး ကို သိလား Emily
သူက ငါ့နဲ့မင်းရဲ့ အကြောင်းတွေ ကို အသိဆုံး
ငါ့ခေါင်းအုံးလေး ကို သိလား
သူကတော့ ငါ့မျက်ရည်တွေအကြောင်းကို အသိဆုံးပေါ့ Emily

အခန်းထဲမှာလည်း စီးကရက်အနံ့တွေ မွန်ထူနေဆဲပဲ Emily
မင်းမကြိုက်တာတွေ လုပ်ရင် မင်းကို မေ့သွားမယ်
ငါ ထင်ခဲ့တာပေါ့
မင်း မကြိုက်တဲ့ ကောင်တွေနဲ့ ပေါင်းမယ်
မင်း မခေါ်စေချင်ခဲ့တဲ့ မိန်းကလေးတွေနဲ့ စကားပြောမယ်
မင်းမကြိုက်တဲ့ စီးကရက်တွေ သောက်မယ်
ဟ ဟ
ဒါတွေက ငါမင်းကို မေ့စေမယ် မေ့နိုင်မယ် ထင်ခဲ့တာပေါ့
ဒါပေမယ့် ဒါပေမယ့်ကွာ………

အိပ်မက်တွေထဲမှာလည်း ငါမင်းနဲ့ တွေ့ဆဲပဲ Emily
မင်းဘေးမှာ ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်
မင်းအမျိုးသား ဆိုပြီး ငါ့ကို မိတ်ဆက်ပေးတယ် တဲ့
တခါတလေ အိပ်မက်တွေက အစ
ငါ့ကို မျက်နှာသာ မပေးဘူး Emliy ...

ငါဆိုတာ မင်းပျော်ရွှင်ဖို့ပဲ မျှော်လင့်နေတဲ့ ကောင်ပါ Emily
ဘာပဲဖြစ်ဖြစ် မင်းပျော်ရွှင်စေဖို့ ငါဆုတောင်းပါတယ်
ပျော်ရွှင်ပါစေ Emily...




You've reached the end of published parts.

⏰ Last updated: Jan 26, 2018 ⏰

Add this story to your Library to get notified about new parts!

မသိWhere stories live. Discover now