ကြယ်တို့သည်ပင် ကြွေတတ်သည်
283 18 3
နောက်ဆုံးကျန်သည့်သုံးယောက်ကိုစောင့်နေရင်းသူနာရီကိုတစ်ချက်ကြည့်လိုက်သည်။ နှစ်နာရီခွဲ ပြီ။
တမနက်လုံး နန်းကြီုးသုတ်တစ်ပွဲအပြင်ဘာမှမစားရသေးသဖြင့် အစာအိမ်ကဆန္ဒပြနေပြီ။ အင်တာဗျူးလည်းသူအလုပ်ပင်။သူဌေးတစ်ယောက်လူယုံလူရင်းတစ်ယောက်လုပ်ရသည်မှာ တစ်ကယ်မစားသာ။အင်တာဗျူးဖြေမည့်ကလေးတစ်ယောက်ဝင်လာသည်။ လိုအပ်သည်များကိုမေးမြန်းပြီးနောက်တစ်ယောက်။ပြီးနောက်ဆုံးတစ်ယောက်။ ဝင်လာသောနောက်ဆုံးကောင်လေးကိုအမြင်မှာသူ့လက်ကဘောပန်သည် ဖြက်ကနဲလွတ်ကျသွားတော့သည်။
  ကံတရားသည်ဆန်းကြယ်လေစွ။ ပြီးခဲ့တဲ့တပါတ်လုံးသူသည်ကောင်လေးနှင့်စတင်တွေ့ ရာကော်ဖီဆိုင်လေးမှာထိုင်ပြီးကော်ဖီခွက်မြောက်များစွာဖြင့် ရှာနေမိခဲ့သည်။တွေ့မယ့်တွေ့တော့လည်းသူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပင်
''မိုးစစ်မင်း''တဲ့
သူ့ပက်စ်ပို့ဆိုဒ်ဓာတ်ပုံလေးကိုကြည့်ရင်းသူအပြုံးများကအသက်ဝင်လှပနေသလိုပင်။ သူ့ အိမ်မက်တို့ သည် သူ့ နှလုံးသားနည်းတူ လှုပ်ရှားခုန်ပေါက်လျက်။အလုပ်ပေးရန်သေချာနေသော်လည်း သူ ဟန်မပျက်ဗျူးရသေးသည်။ ကိုယ်ဘာဆိုတာ တစ်နေ့တော့ဝန်ခံပြီး မင်းနဲ့ ခင်မင်ခွင့်ရဖို့  နီးကပ်လာပြီ။မနက်ဖြန်ဆိုတာလေ ကိုယ့်အတွက် အဓိပ္ပာယ်ပြည့်ဝနေတယ် မိုးစစ်ရယ်။
      လရောင်ရဲ့ကား ကုမ္ပဏီကားပါကင်မှာရပ်သည်နှင့် အတူတူ စာရင်းလုပ်နေသည့် ကိုသူရိန်က
''မိုးစစ် ....မင်းအသဲတုန်းကြီးလာနေပြီ ..သွားကြိုလိုက်ဦး ''
''ဟာဗျာ ..မစ ,စမ်းပါနဲ့ ..ကြားသွားဦးမယ် ''
"မျက်လုံးတွေကညာမ၇ဘူးမိုးစစ်... မင်းနုပါသေးတယ်ကွာ"
" ခင်ဗျားတို့ မစပါနဲ့ ဗျာ.. ကြားသွားရင် မကောင်းပါဘူး"
''ဟေ့ကောင် မင်းမှတ်ထားကွ ...ဒီမှာငါ့ထက်အရင်ရောက်နေတဲ့လူတွေမေးကြည့် မင်းလိုအရေးပေးဆက်ဆံခံရတဲ့လူရှိ ငါ့ကိုလည်ပင်းလာဖြတ်လှည့် ''
''တော်ပါဗျာ ''
သူစိတ်ပေါက်ပေါက်နှင့် ကိုသူရိန့်ကို ပိတ်ဟောက်ကာထွက်လာခဲ့လိုက်သည် ။ ခေတ်ကာလသားသမီးဘဲ ...ဒါကိုမသိနေပါ့မလား။ ဒါပေမယ့် လူကျင့်ဝတ် လူ့သိက္ခာဆိုတာရှိသေးသည် မဟုတ်လား ။ ကိုလရောင်ဖက်က သူ့အပေါ်လက်ဆောင်တွေပေး၊ အလျော့ပေး ဆက်ဆံတာတွေ ၊ ချစ်ခင်မြတ်နိုးတာတွေသိပေမယ့် သူဒါတွေကိုအားလည်းနာ စိတ်လည်း ကျဉ်းကျပ်လှပါသည် ။ တော်ကြာ လူ့ပါးစပ်ဆိုတာပြောလို့မရ ၊ ချူစားသည်ဟုအပြောမခံလိုသောကြောင့် ကြောင့် ခပ်ခွာခွာနေသော်လည်း အလွန်စနောက်တတ်သော ရုံးကအကိုအမတွေက ကိုလရောင်လာတိုင်း သူ့လက်ဆွဲအိတ်ကို မိုးစစ်ကိုသာ ထွက်ယူခိုင်းသည်။
  မိုးစစ်က လရောင်လက်ထဲမှ အိတ်ကိုလှမ်းယူရင်း လရောင်ကိုပြုံးပြလိုက်သည်။ လရောင်  ကကြည်နူးစွာပြုံးရင်း
''မိုးစစ်အတွက် အကို နေ့လည်စာ ပိုထည့်လာတယ် အကို့ အခန်းမှာလာစားနော်....အခုလောလောဆယ် အကို့ကားထဲထည့်ထားခဲ့တယ်''
''နေပါစေ အကို...ထမင်းချိုင့်ယူလာပါတယ် ''
"ထည့်လာလည်းယူခဲ့ လေ ..အကိုစားမျာပေါ့ '
"ဟင်းမှမကောင်းတာ အကိုရဲ့ "
''စကားများတာ ကိုယ်မကြိုက်ဘူး မိုးစစ် ....''
''......''
လရောင်ရဲ့ အခန်းထဲအရောက်မှာ မိုးစစ်က ဖိုင်တွဲ Laptopအိတ်တွေကိုစားပွဲခုံပေါ် သေချာတင်ရင်းလှည့်ထွက်မည် အပြု
''မိုးစစ် ''
သူ့နောက်မှလရောင်ကခပ်တိုးတိုးခေါ်ရင်း မိုးစစ်အနားသို့ လျော
က်လာကာ သူ့အင်္ကျီ ကော်လာစလေးကို သေချာထောင်ပေးရင်း
''အကို့ ..ကို ....ခပ်ရှောင်ရှောင်မနေပါနဲ့လား မိုးစစ်ရယ် ။... အကိုလေ....အကို ''
လရောင်မျက်နှာသည် သွေးရောင်လွှမ်းလာကာ စကားသံတို့ထေ့ငေါ့လျက် ....သူ့ နှလုံးသားသည်လည်း ဦးစိုက်ဂျွမ်းပြန်မတတ် လှုပ်ရှားခုန်ပေါက်လာသလို မိုးစစ်နားရွက်ဖျားတွေသည်လည်း ပူနွေးလာသည်။  ထိုစဉ် ချက်ကနဲတခါးဖွင့်သံနှင့်အတူ
''ဟာ ''
ဝန်ထမ်းတစ်ယောက်ရဲ့ အံ့သြသံနှင့်အတူ သူနှင့်မိုးစစ်တို့ လူချင်းခွာလိုက်မိသည် ။ မိုးစစ်မျက်နှာ မှာရှက်လွန်းသောကြောင့် ရဲပဒေါင်းထနေသည်ကို ကြည့်ပြီးလရောင်စိတ်မကောင်း ။ဝန်ထမ်းကောင်လေးယူလာသော ဖိုင်တစ်ထပ်ကို သူလက်မှတ်ထိုးနေတုန်း အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်သွားသောမိုးစစ်ကို သူ့မျက်လုံးအိမ်ထောင့်မှခပ်ရိပ်ရိပ်မြင်လိုက်ရသည် ။ သူဝန်ထမ်းကောင်လေးကိုတစ်ချက်မော့ကြည့်လိုက်သည် ။ကောင်လေးရဲ့မျက်နှာကအားနာရိပ်တွေစွန်းစွာ။သူနားလည်သလို တစ်ချက်ပြုံးရင်း
''နောက်ဆို တံခါးခေါက်ပါ ညီလေး ''
''တောင်းပန်ပါတယ် ဆရာ ...ကျွန်တော်ရုတ်တရတ်မို့.....''
သူလက်ကာပြလိုက်ရင်း
''အခု အဖြစ်အပျက်ကသာမန်ပါဘဲ...ဘာမှမထူးခြားပါဘူး ...ဒီကိစ္စကအပြင်ကိုစကားပြန်ရောက်ရင်သာ သာမန်ထက်ထူးတဲ့ကိစ္စဖြစ်လာမှာ......အဲ့တော့ ''
သူစကားကိုဖြတ်ပြီး  ကောင်လေးမျက်နှာကိုအဓိပ္ပာယ်ပါစွာ တစ်ချက် ကြည့်လိုက်သည်။
''နားလည်ပါပြီ ဆရာ ...ကျွန်တော်ဘာမှ မမြင်ပါဘူး ''
''အိုခေ ...သွားလို့ ရပြီ ညီလေး ''
ထွက်သွားသော ဝန်ထမ်းလေးရဲ့နောက်ကျောကိုကြည့်ပြီး သူစိတ်မကောင်း ။ အမိန့်သံမပါပေမယ့် သူ့မျက်လုံးရဲ့အကြည့်ကိုနားလည်စွာ မျက်နှာပျက်သွားသည်ကိုး ။ ဟူးးးးး
သူစိတ်ရှုပ်စွာခေါင်းကဆံပင်ထဲကိုလက်ဆယ်ချောင်းထည့်ပြီး ထိုးဖွလိုက်မိသည် ။ မစခင်တည်းက စတင်လာတဲ့ပြသနာ ။အင်းးးအချစ် အချစ် ။
You've reached the end of published parts.
⏰ Last updated: Jan 29, 2018 ⏰
Add this story to your Library to get notified about new parts!
ကြယ်တို့သည်ပင်ကြွေတတ်သည်Where stories live. Discover now