Ch.50 : Eat You Up ( Part.3 )

14.5K 1.3K 49
                                    


" ခင်ဗျား ကျွန်တော့်ကို ချစ်နေမိတာတော့ မဟုတ်လောက်ပါဘူးနော် ။ ဟုတ်တယ်မလား ? "

Tang Feng ဟာ Charles ကို ဘာ ချစ်ငွေ့ရိပ်မှမရှိတဲ့ တည်ငြိမ်တဲ့မျက်ဝန်းနဲ့ ကြည့်ရင်း အမေးထုတ်လိုက်လေတယ် ။

Charles ဟက်ဟက်ပက်ပက်ကြီး စတင် ရယ်နေတော့တယ် ။ တစ်နှစ်တာရဲ့ ရယ်စရာအကောင်းဆုံး ပြက်လုံးတစ်ခုကို နားထောင်လိုက်ရသလိုပဲ ။ ဘယ်လောင်တောင် ရယ်လိုက်နေမိလဲဆိုရင် သူ့ရဲ့ခေါင်းဟာ အနောက်ကို ယိုင်ထိုးကျလာတယ် ။

" အချစ်လေး....အခု ဘယ်လို ကစားပွဲ စကစားဖို့ မင်းစိတ်ကူးနေတာလဲ ? "

" အမှန်ပြောကြေး ကစားနေတယ်လို့ ထင်တာပဲလေ ။ မရဘူးလား ။ "

ခပ်အေးအေးဆေးဆေးပဲ ပြုံးရင်း Tang Feng ပြောလိုက်တယ် ။ Charles ဆုပ်ကိုင်ထားတဲ့ သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး နဖူးပြင်ထက် ဝေ့ဝဲကျနေတဲ့ ဆံပင်တွေကို လက်နဲ့ ပင့်တင့်လိုက်တယ် ။

" ကုန်ခဲ့တဲ့ နေ့တွေတိုင်း တစ်ရက်ပြီး တစ်ရက် ကျွန်တော် လက်ချိုးရေနေခဲ့တာ ။ အခုဆို အချိန်က နောက်ထပ် တစ်ပတ်ပဲ ကျန်တော့တယ် ။ ခုနတုန်းက မေးခွန်းက ဒီလိုပဲ စစနောက်နောက် ပြောလိုက်တာပါ ။ စိတ်ထဲ ဘာမှထည့်ထားမနေပါနဲ့ ။ အပေးအယူကိစ္စ အဆုံးသတ်သွားပြီးရင် ကျွန်တော် ခင်ဗျားကို လာလည်းမရှာဘူး ။ အနှောက်အယှက်လည်း မပေးဘူး ။ ဘာမှ စိတ်မပူနဲ့ ။ ကျွန်တော်က ခေါင်းမာပြီး တစ်ဖက်သား စိတ်အနှောက်အယှက်ဖြစ်အောင် လိုက်ပြီး တွယ်ကပ်နေမယ့် လူမျိုးမဟုတ်ဘူး ။ "

ပြုံးနေတဲ့ Charles ရဲ့ ပခုံးကို လက်နဲ့ ခပ်ဖွဖွပုတ်ပြီး Tang Feng ဟာ ဘေးမှာ ကျနေတဲ့ အကျီတစ်ထည်ကို ကောက်ဝတ်လိုက်တယ် ။ အဲ့ဒီနောက် အိပ်ရာထက်မှထကာ ရေချိုးခန်းဆီ ထသွားခဲ့တယ် ။

" Charles.... ခင်ဗျားဟာ လူကောင်းတစ်ယောက်ပါ ။ "

ကျန်တဲ့စကားတွေကိုတော့ နူတ်ကနေထုတ်မပြောပဲ ရင်ထဲမှာပဲ သိမ်းထားလိုက်တယ် ။ ဆက်ပြောမယ့် စကားတွေက သူတို့နှစ်ယောက် အိပ်ရာထက်မှာ ရှိနေတဲ့အချိန်မျိုးမှာပဲ ပြောလို့အဆင်ပြေမယ့် စကားမျိုးတွေ ဖြစ်နေလို့လေ ။

True Star (Myanmar Translation )Dove le storie prendono vita. Scoprilo ora