""ရှင်း မနက်ဖြန်ပြန်တော့မယ်ဆိုတော့ နောက်ဘယ်တော့လောက် ပြန်လာဖြစ်မယ်ထင်သလဲ""
ညနေဘက်လမ်းလျှောက်ထွက်ရာမှ မောင် ကျွန်တော့်ကို မေးလေသည်။
""ကိုယ် မပြောတတ်ဘူးလေ မောင် ကျောင်းတက်ရတော့မှာဆိုတော့ သိတဲ့အတိုင်းပါပဲ""
""ဒါဆို မောင်တို့ ဘယ်တော့လောက် ထပ်တွေ့ဖြစ်ကြမလဲ""
""ကိုယ် ၁၀တန်းစာမေးပွဲဖြေပြီးရင် မောင့်ကို Guide လုပ်ပေးဖို့ ပြန်လာခဲ့မယ်လေ""
""အဲ့အချိန်က ဖြစ်လာနိုင်ပါ့မလားလေ...""
""ခုတလော မောင်ဘာတွေဖြစ်နေသလဲ သင်္ကြန်ရက်တွေလဲ ရေမဆော့ ကိုကိုနဲ့လဲ လိုက်မလည် တစ်ခုခု မှုမမှန်နေဘူး""
""ရှင်းက သိပ်ဆိုးတယ် ""
အဆက်အစပ်မရှိပြောချလိုက်တဲ့ မောင့်စကားကြောင့် လမ်းလျှောက်နေရာမှ ဗြုန်းခနဲရပ်ချလိုက်ပြီး နက်နက်နဲနဲကြည့်မိသည်။
""ဘာစကားလဲ ""
""ဟိုတစ်နေ့ညက ပြသာနာဖြစ်ထားလို့ ချော့နေတာလား""
""ချော့တယ်ဆိုရအောင် ကိုယ်တို့က ဘယ်လိုပတ်သက်လို့လဲ ""
""အို အဲ့သဘောမဟုတ်ပါဘူး ""
""ကဲမောင် လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လိုက်လာပေးတာ လမ်းဆုံးရောက်ပြီဆိုတော့ ပြန်လှည့်ကြမလား""
""မောင် ထားခဲ့ခံရတာမျိုးလားဟင်""
""ကျွတ်စ် မောင်နဲ့ တော့ခက်တော့တာပဲ ထားခဲ့ခံရတယ်ပြောရအောင် မောင်နဲ့ရှင်းက ချစ်သူတွေမှ မဟုတ်ကွယ်""
""ချစ်သူတွေမဟုတ်တိုင်း မချစ်ရတော့ဘူးလား ရှင်း ပြောစမ်းပါဟင် မောင့်ကို ရဲရဲဖြေစမ်းပါ တစ်ကြိမ်တစ်ခါလောက်တောင် အကို မောင့်ကို ချစ်ခဲ့ဖူးသလား ""
""မောင့်အသက်ကလေးနဲ့မှ မမျှ ချစ်ခြင်းတရားတွေလို့ မဟစ်ကြွေးစမ်းပါနဲ့လား ""
""စိတ်ကစားတယ်လို့ ဆိုချင်တာလား""
""ဒီစကားကို ရှင်းရဲ့ဆရာဝန်လောင်းလေးမောင် မေးတဲ့အခါကျ ဖြေပေးမယ်ဟုတ်လား ကိုယ်စောင့်နေမှာပေါ့""

ESTÁS LEYENDO
||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||
Ficción Generalဤ ဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်ဖြင့် ပုံဖော်ထားခြင်းပင် ဖြစ်သည်။ မည်သည့်အပြင်မှ တစ်စုံတစ်ရာမှ အနှောင့်အယှက်မဖြစ်စေလိုပါ။ အကယ်၍ စာရေးသူ၏ အရေးအသားကြောင့် တစ်စုံတစ်ရာနှင့် တူညီသည်ဖြစ်စေ ထိခိုက်သည်ဖြစ်စေ စာရေးသူ၏ အမှားပင် ဖြစ်ပါသည်။ Zawgyi Version...