Part-1(Unicode & Zawgyi)

20.8K 651 3
                                    

Unicode

အဖြူ​ရောင် တိမ်ဆိုင်​တွေနဲ့ ချယ်မှုန်းထားတဲ့ ​
ကောင်းကင်ပြာကြီးက စွဲမက်ဖွယ်​ကောင်းလွန်းလှသည်။
လေယူရာလွင့်ပါး​နေတဲ့ တိမ်ဆိုင်​တွေကို ပုံ​ဖော်​နေမိလျှင်
အချိန်​တွေက မသိလိုက်ဘဲ ကုန်ဆုံးသွားတတ်သည်...။

တစ်ခါတ​လေဆို တိမ်က ယုန်​လေး​တွေ
တစ်ခါတ​လေ ​ဝေလငါး​တွေ
တခါတ​လေ ဒီအတိုင်း ပုံသဏ္ဍာန် အတိအကျမရှိတဲ့ အ​ငွေ့ အစုအဖွဲ့​​တွေ...

တိမ်တွေက တကယ် ဆန်းကြယ်လွန်းသည်ဟု သူထင်သည်...။

အပြာ​ရောင် ​ကောင်းကင်ကြီး၏​အောက်တွင် မျက်စိတစ်ဆုံး ကြီးမားလှတဲ့ ပန်းခင်းကြီး တစ်ခု တည်ရှိ​နေသည်...။

ပန်းခင်းကြီး၏ အလယ်တွင် ​စိမ်းစို​နေသည့် ​
တောင်းကုန်းပု​လေး တစ်ခုက တည်ရှိလို့​​နေသည်။​တောင်ကုန်း​လေး​ပေါ်ရှိ မြက်ပင်​လေးတွေက ​လေယူရာ လွင့်ပါး​နေရင်း အရာရာက ​အေးချမ်း​နေသည်...

​တောင်းကုန်း​လေး၏ထိပ်တွင် ကြီးမားလှတဲ့သစ်ပင်ကြီးတစ်ပင် တည်ရှိ​နေပြီး သစ်ရွက်​တွေကြားက အလင်းစက်​ပျောက်​လေး​တွေက ​အောက်မြက်ခင်းပြင်က ​​ကောင်​လေးတစ်​ယောက်​ပေါ် ဖြာကျ​နေခဲ့သည်။

သစ်ပင်ကြီးကို မှီရင်း ​ကောင်​လေးက ​ပြုံးကာဖြင့် ရေရွတ်​နေသည်။

"ဟိုတိမ်က ဝက်ဝံနဲ့ တူတယ်....
ဟိုနားက ငါးနဲ့​တော့ တူ​ပေမယ့် ​ခြေ​ထောက်​ပေါက်​နေသလိုပဲ...
ဟိုတစ်ခုက​တော့ ​စောနက အသဲနဲ့တူ​​သေးတယ် အခု ​​လေတိုက်သွား​တော့...အင်း...ပုံစံက တစ်ခုခုနဲ့ သွားတူ​နေတယ်ဟ... ဟားဟား..."

​ရွှေ​ရောင် အနားကွတ်ထား​​သော အဖြူ​ရောင် suit နဲ့ ထို​ကောင်​လေးက တိမ်​တွေကို လက်ညိုးထိုးကာဖြင့် တစ်​ယောက်တည်း ရယ်လိုက် ​ရေရွတ်လိုက်ဖြင့် အလုပ်ရှုပ်​နေရှာသည်။

"ဟိုတစ်ခုကကျ​တော့....အမ်..."

နှာ​ခေါင်း​ပေါ် လာနားတဲ့ လိပ်ပြာ​လေးတစ်​ကောင်​ကြောင့် ​ကောင်​လေးရဲ့ အာရုံ​တွေက လိပ်ပြာ​ပေါ် ကူး​ပြောင်းသွား​တော့သည်။
​ကောင်​လေးက လိပ်ပြာကို ထိဖို့ လက်ကို မ လိုက်​တော့ လိပ်ပြာ​လေးက ပျံ​ပြေးသွား​တော့သည်။

So Sweet Love(Completed)Where stories live. Discover now