အပိုင်း၁၈

1.9K 225 47
                                    

""နင်တို့ ၂ယောက် Gay စာရင်းဝင်သွားပြီ""

သံသာရဲ့ အသံက ကျွန်တော့်နားထဲ စူးဝင်လာခဲ့သည်။ ကျွန်တော် ရုတ်တရက်တွေဝေသွားပေမယ့် စိတ်တော့မတိုဖြစ် သို့သော်

""မင်းဘာစကားပြောတာလဲ သူငယ်ချင်းဆိုတိုင်း မိန်းကလေးဆိုတိုင်း ငါသည်းခံပေးမယ်လို့ ထင်နေတာလား""

""ဟ ဘာဖြစ်တာလဲ ""

""ငါ အခြောက်မဟုတ်ဘူး ""

""အို ငါသိပါတယ် အခုဟာက ငါပြောချင်စော လောသွားတာပါ အတန်းထဲက ကောင်မလေးတွေက နင်တို့နှစ်ယောက်ကို seme uke ခွဲနေကြလို့ ငါပြောမိတာ ""

""နင်တို့မိန်းကလေးတွေက အလုပ်မရှိအကိုင်မရှိ အားယားနေတိုင်း လိုက်ပြီး ငါတို့ယောက်ျားလေးတွေကို အခြောက်ဇာတ်သွင်းနေတာပဲလား ဟမ် ဟုတ်သလား ""

""နင် စကားက ရိုင်းလှချည်းလား""

""အေး ကျူရှင်မှာလဲ ကျူရှင်မှာမလို့ ကျောင်းမှာလဲ ကျောင်းမှာမလို့ နင်တို့တွေ အဲ့လို လိုက်ပြီး စပ်စလူးလုပ်ပြနေတာတွေက တကယ့်အတွဲတွေကို ဘယ်လောက် လူတွေမုန်းကြရွံ့ကြမယ်ထင်သလဲ ""

""နင် ဘာလို့ မကောင်းတဲ့အတွေးဘက်နေ တွေးရသလဲ Fujoshi တွေက နင်ပြောသလို မကောင်းတဲ့အမျိုးသမီးတွေ မဟုတ်ဘူး ငါတို့တွေက support လုပ်ပေးချင်ရုံတင်""

""တော်စမ်းပါ အလကားနေ ရှိသမျှ ယောက်ျားအကုန် အခြောက်ဇာတ်သွင်းနေတာများ""

""တော်တော့ ဆွေးတိမ်လွှာ မင်းအိမ်စာအဖြေမထွက်တိုင်း သူများကို သွားမမဲစမ်းနဲ့ သူတို့တွေမှာလဲ သူတို့စိတ်ရှိကြတာပဲ Fujoshi လား အေး အဲ့တာ ဖြစ်ရတာ မလွယ်ဘူး သူတို့ပြောတဲ့ အစစ်မ ဘာညာအဲ့လိုတွေနဲ့ မတူဘူး စိတ်အေးအေးထားစမ်းပါကွာ မင်းစိတ်မကြည်တိုင်း သူများကို အဲလို မစွပ်စွဲရဘူး သူငယ်ချင်း သူတို့မှာလဲ သူတို့အကြောင်းနဲ့ ဒီခံစားချက်ကို မင်းအမျိုးသားတစ်ဦးကိုမချစ်ဖူးသေးရင်နားလည်မှာမဟုတ်ဘူး အေး မင်းချစ်မိတဲ့အချိန်မှာ သူတို့တွေရှိတာ ဘယ်လောက်အားတက်ဖို့ကောင်းတယ်ဆိုတာ သိလာလိမ့်မယ် ကဲ သံသာ မင်းလဲ သွားတော့ နောက် သူ့စိတ်အခြေအနေကြည့်ပြီးမှ လာခဲ့ ဟုတ်လား""

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Where stories live. Discover now