Ch.54 : Checking in at the Lu's house ( Part.2 )

12.7K 1.6K 50
                                    

နာရီကိုကြည့်လိုက်တာ အချိန်က ညကိုးနာရီတောင်ထိုးနေပြီဆိုတာ မြင်လိုက်တော့ Tang Feng ရင်ထဲ နည်းနည်းထိတ်သွားမိတယ် ။ နေ့လည်ဘက် ပြန်ရောက်လာကတည်းက ခဏလေးပဲဆိုပြီး အိပ်လိုက်မိတာ လေးငါးနာရီလောက် ကြာသွားလိမ့်မယ်လို့ မထင်လိုက်မိဘူး ။ ဘာမှလည်း စားမထားရသေးတော့ အခု ဗိုက်လည်းဆာလာပြီ ။ အရင်ပုံမှန်ချိန်ဆို Charles တစ်ယောက် ခုနှစ်နာရီလောက်ဆို ပြန်ရောက်နေတက်ပြီ ။ အခုကော ရောက်နေပြီလား မသိဘူး ။

အရင်ပုံမှန်အချိန်တိုင်းဆိုရင် Tang Feng ဟာ နေ့လည်နေ့ခင်းဘက် တရေးတမောအိပ်ရတာကို နှစ်ခြိုက်တယ် ။ ညနေထမင်းစားချိန်ရောက်လာပြီဆိုရင် Charles ဟာ အခန်းထဲကို ဝင်လာပြီး ချစ်ရည်ရွှန်းတဲ့ အနမ်းတွေ ၊ " အချစ်လေး " ...  " ကလေးလေး " အဲ့ဒီလို ချိုမြိန်တဲ့ စကားလုံးတွေနဲ့ လာလာနိုးနေကြ ။

ဒါပေမယ့် ဒီနေ့ကျတော့ အထုပ်အပိုးတွေ အကုန် Lu Tian Chen ရဲ့ ကားထဲ ထည့်လို့ ပြီးသွားတဲ့ အချိန်ထိ စံအိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေတယ် ။ Charles တစ်ယောက် မနက်ကတည်းက ထွက်သွားတာ အခုထိ ပြန်ရောက်မလာသေးဘူး ။ ပြန်မလာယုံတင်မဟုတ်သေးဘူး ။ သူ့ဆီကို စာလည်းမပို့ ၊ ဖုန်းလည်း တစ်ချက်မဆက်ဘူး ။ ဒါဟာ Charles ပုံမှန် လုပ်နေကျ အကျင့်နဲ့ဆို တော်တော်ကွဲလွဲနေတယ် ။

Tang Feng ကတော့ အဲ့ဒီလိုမျိုး ပြတ်ပြတ်သားသားနဲ့ သွေးအေးတဲ့ စရိုက်ကို သဘောကျမိတယ် ။

" President Lu... ကုမ္ပဏီက စီစဉ်ပေးထားတဲ့ ကျွန်တော်နေရမယ့် အဆောင်က တစ်ယောက်တည်းနေဖို့ ပြင်ပေးထားတာကော ဟုတ်ရဲ့လား ? "

Lu Tian Chen ရဲ့ ဇိမ်ခံကားထဲ ဝင်ထိုင်လိုက်တဲ့အချိန်မှာ ခေါင်းထဲ ရုတ်တရက်ပေါ်လာတဲ့ မေးခွန်းတစ်ခုကို ချက်ချင်း မေးကြည့်လိုက်တယ် ။ အခန်းတစ်ခုထဲကို တခြားသူတွေနဲ့အတူ ဝေမျှပြီးတော့ မနေချင်မိဘူး ။ အကယ်လို့များ ကုမ္ပဏီကနေပြီးတော့ သူ့ကို တခြားသူတွေနဲ့ အဆောင်အခန်းတစ်ခုထဲမှာ နေခိုင်းမယ်ဆိုရင် ကိုယ့်ဟာကိုယ်ပဲ အပြင်မှာ အခန်းတစ်ခန်း ရှာငှါးနေလိုက်တော့မယ် ။ ဒီလိုမှ လွတ်လွတ်လပ်လပ်နဲ့ တစ်ယောက်တည်း နားအေးပါးအေး နေရမှာ ။

True Star (Myanmar Translation )Tahanan ng mga kuwento. Tumuklas ngayon